7 w - Translate

ဘောလုံးနှင့်ပစ်ပေါက်ခဲ့မိသည့်အတွက် ဟာလန်းနောင်တမရ
-----------------------------
အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ရဲ့ ခေါင်းကို ဘောလုံးနဲ့ပစ်ပေါက်ခဲ့တဲ့အတွက် နောင်တမရသလို ကွင်းအတွင်းမှာဖြစ်ခဲ့တဲ့ကိစ္စကို ကွင်းအတွင်းမှာပဲ ထားခဲ့ဖို့ လိုတယ်လို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကပြောပါတယ်။

အခုတစ်ပတ်ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေမှာ နော်ဝေအသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အိုဒီဂတ်က ဒဏ်ရာ ကြောင့်လွဲချော်မှာဖြစ်ပြီး ဟာလန်းက နော်ဝေအသင်းခေါင်းဆောင်အဖြစ် ကစားရမှာပါ။ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူရချိန်မှာ သူ့ရဲ့ အပြုအမူ တွေနဲ့ပတ်သက်လို့ ထိန်းချုပ်နိုင်ခြင်းရှိ၊မရှိကို အာဆင်နယ်နဲ့ပွဲက ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ပြီး မေးမြန်းခဲ့ရာမှာ ဟာလန်း ကအခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ ပွဲအရှိန်ကအရမ်းမြင့်တက်နေတာ ကြောင့် စိတ်လှုပ်ရှားမှုအတိုင်း ပြုမူခဲ့တာဖြစ်သလို အခုချိန် မှာတော့ ဒီဖြစ်ရပ်က အတိတ်မှာကျန်ခဲ့ပါပြီလို့ ဟာလန်းက ပြောသွားခဲ့တာပါ။ ပရီးမီးယားလိဂ်ကတော့ ဒီဖြစ်ရပ် နဲ့ပတ်သက်လို့ ဟာလန်းကို အရေးယူမှု တစ်စုံတစ်ရာမရှိခဲ့ပေမယ့် ပွဲနဲ့ပတ်သက်လို့တော့ နောက်ဆက်တွဲပြော စရာအဖြစ်နဲ့ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

image