7 w - Translate

ပိုးသတ်ဆေး ၂၃ မျိုးကို မှတ်ပုံတင်ပယ်ဖျက်
-----------------------
Jumbo ခြင်ဆေး အပါအဝင် ပိုးသတ်ဆေး ၂၃ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက် လိုက်တယ်လို့ မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အောက်တိုဘာ ၁၀ ရက်မှာ အသိပေး ကြေညာ ထားပါတယ်။

(၆) လအထက် မှတ်ပုံတင်သက်တမ်းကျော်လွန်ပြီး သက်တမ်းတိုးဖို့ ပျက်ကွက်တဲ့ Chao Xin၊ Golden Frog Mosquito Coil စတဲ့ ပိုးသတ်ဆေး ၁၁ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

အလားတူ မှတ်ပုံတင်ဖျက်သိမ်းလိုကြောင်း တင်ပြလာတဲ့ Jumbo Mosquito Coil ၊ Jumbo 1 Mosquito Coil၊ Gold Medal အပါအဝင် ပိုးသတ်ဆေး ၁၂ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်လိုက် တယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

မှတ်ပုံတင်ပယ်ဖျက်ထားတဲ့ ပိုးသတ်ဆေးတွေကို ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချနေတာကို စစ်ဆေး တွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ရဲ့ ၄၂ ကြိမ်မြောက် အစည်း အဝေးပြီးဆုံးတဲ့ ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၄၂၃၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

image