7 w - Translate

စည်းကြပ်ဒိုင်ထားရှိသည့်စနစ်ကို ဝင်ဘယ်ဒန်ပယ်ဖျက်
------------------------
တင်းနစ်ပြိုင်ပွဲတွေမှာ ပုံမှန်မြင်တွေ့ရလေ့ရှိတဲ့ စည်းကြပ်ဒိုင်ထားရှိတဲ့စနစ်ကို လာမယ့်နှစ်ပြိုင်ပွဲကနေ စတင်ပြီး ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ဝင်ဘယ်ဒန်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ အတည်ပြုလိုက် ပါတယ်။ စည်းကြပ်ဒိုင်တွေရဲ့နေရာမှာ ပိုမိုတိကျတဲ့ လျှပ်စစ်လိုင်းနည်းပညာကို အသုံးပြုသွားမှာဖြစ်တာကြောင့် အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

တင်းနစ်ကွင်းရဲ့ နောက်ဘက်မှာ ရပ်နေတဲ့ စည်းကြပ်ဒိုင် တွေကို ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ၁၄၇ နှစ်ကြာအောင် အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ လျှပ်စစ်လိုင်း နည်းပညာ ကို ၂၀၁၇ ခုနှစ်က မီလန်မှာကျင်းပတဲ့ မျိုးဆက်သစ် အေတီပီ ဖိုင်နယ် မှာ စတင်စမ်းသပ်အသုံးပြုခဲ့ပြီး လာမယ့် ၂၀၂၅ ကစတင်ကာ အေတီပီတိုးပြိုင်ပွဲတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဩစတြေးလျ အိုးပင်းနဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေမှာလည်း လျှပ်စစ်လိုင်းနည်းပညာကို စတင်သုံးစွဲနေပြီဖြစ်လို့ ဂရင်းစလမ် ပြိုင်ပွဲတွေ အနက် လူသားစည်းကြပ်ဒိုင်ရဲ့အဆုံးအဖြတ်ကို ရယူတဲ့ ပြိုင်ပွဲဆိုလို့ ပြင်သစ်အိုးပင်းပြိုင်ပွဲ တစ်ခုသာ ကျန်ရှိတော့ မှာလည်းဖြစ်ပါတယ်။လာမယ့်နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲတွေကနေစပြီး လျှပ်စစ်လိုင်း နည်းပညာကို စတင်သုံးစွဲမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ရေးထားပါ တယ်။

image