တရားမဝင်ကုန် ကျပ်ဘီလီယံ ၃၀၀ ကျော်ဖိုး ဖမ်းမိ
------------------------
၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃၂ လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု ကျပ် ဘီလီယံ ၃၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက် က ကျင်းပပြုလုပ်တဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ် ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ပမာဏဟာ နိုင်ငံတော်ရဲ့ ကုန် သွယ်မှုကဏ္ဍနဲ့ကြည့်ရင် အနည်းငယ်သာရှိပြီး ဖမ်းဆီးရမိမှုူကို ကြည့်ရမယ်ဆိုရင် တရားမဝင် ကုန်သွယ်မှုတွေကို တိုးမြှင့်ဖမ်းဆီး ရရှိနိုင်ဖို့ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ ဩ ဂုတ်လအတွင်း ဖမ်းဆီးရရှိမှုတွေမှာ အကောက်ခွန်ဦးစီး ဌာနက အများဆုံး ဖမ်းဆီး ရမိခဲ့တာဖြစ်ပြီး ဖမ်းဆီး ရမိမှုအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်တွေက အများဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုတွေကို စိစစ်ရာမှာ လိုင်စင်မဲ့ယာဉ်နဲ့ တရားမဝင်ကုန်စည်တင်ယာဉ် ဖမ်းဆီး ရရှိမှုတွေက အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးက လုပ် ငန်းသုံးကုန်ကြမ်းတွေဖြစ်ကာ တတိယ အများဆုံးက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တွေ ဖြစ်တယ်လို့ သိရပါတယ်။