7 w - Translate

မျိုးဆက်သစ်များကို ယုံကြည်ကြောင်း တီဒက်စ်ကို ပြော
----------------------
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ မျိုးဆက်သစ် လူငယ်ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ နည်းပြ တီဒက်စ်ကိုက အောက်တိုဘာ ၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ အခု တစ်ပတ်ထဲကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ကစားသမားရွေးချယ်ရာမှာ နာမည်ကြီးတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဒီဘရိုင်းနဲ့ တိုက်စစ်မှူး လူကာကူတို့ကို ဒဏ်ရာပြဿနာတွေကြောင့် ချန်လှပ်ထားခဲ့ရပြီး နည်းပြ တီဒက်စ်ကိုဟာ လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ မကစားရသေးတဲ့ ကစားသမား ၅ ဦယောက်အထိ ရွေးချယ်ထားခဲ့တာပါ။

မျက်နှာသစ်ကစားသမားတွေထဲမှာ အသက် ၁၉ နှစ်အရွယ် လိုင်ယွန်ကွင်းလယ်လူ ဖိုဖာနာနဲ့ အသက် ၂၀ အရွယ် ဂျန့်ခ်အသင်းနောက်ခံလူ စမက်စ်တို့ ပါဝင်ခဲ့သလို ဂိုးသမားသစ် ၂ ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အခုရွေးချယ် ထားတဲ့ မျိုးဆက်သစ်ကစားသမားတွေဟာ သက်ဆိုင်ရာကလပ်အသင်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားသူတွေ ဖြစ်ကြတာကြောင့် သူတို့ရဲ့ ခြေစွမ်းတွေအပေါ် ယုံကြည်မှု အပြည့်ရှိတယ်လို့ နည်းပြ တီဒက်စ်ကိုက ပြောသွားခဲ့တာဖြစ်ပါတယ်။

image