7 w - Translate

ဆရာကြီးဦးဦးသာထွန်း၏ သြဝါဒစကားတချို့

၁။လူယောက်မ မဖြစ်စီကေ့

ရခိုင်သားတိက ရခိုင်ပြည်မာ နိန်ပြီးကေ ရခိုင်အကြောင်းကို အလှပ မသိကတ်စွာ များရေ။ လူယောက်မတိ ဖြစ်နိန်ကတ်တေ။ ယောက်မဆိုစွာ ငါးတိဟင်းတိ ချက်ထားစွာကို မွှီပီးရေ။ ယေကေလေ့ ယင်းငါးတိ ဟင်းတိ၏ အရသာကို သူမသိ။ လူတိ၏လျှာကရာ သိရေ။ ယင်းပိုင်ဗျာယ် ရခိုင်သားဖြစ်ပြီးကေ ရခိုင်အကြောင်းကို မသိကေ လူယောက်မဗျာယ်နှင့်။
၁၉၇၅ ခုနှစ်ကခါ သြစတြေးလျနိုင်ငံက ပန်မလာဂေါတမန်ဆိုရေ ကျောင်းသူမချေ ရခိုင်ဝေသာလီကျောက်စာအကြောင်း လိလာပနာ ဒေါက်တာဘွဲ့ယူဖို့ ရခိုင်သို့ ပါလတ်တေ။ အချေတယောက် အမိသေဖြစ်တေ။အချေကို လင်နန့်ထားပစ်ခရေ။
ဂေါတမန်က အာနန္ဒစနြ္ဒ ကျောက်စာကို ဒေါက်ဒေါက်နန့် ဖတ်ပစ်လိုက်တေ။ ရခိုင် ဝေသာလီအကြောင်းကို အင်တန်သိရေ။ ဒေက ရခိုင်သားတယောက်ထက် တိုးလို့သိနိန်ရေ။
ယေဇု တပည့်ရို့လေ့သွင့် ဒေမာနိန်ပြီးကေ လူယောက်မတိ မဖြစ်စီကေ့ ။ အလှပ လိလာကတ်။

၂။ လူသံစေ မဖြစ်စီကေ့

ရခိုင်သားတိက ရခိုင်ရာဇဝင်ကို ပြောကတ်တေခါ ဟာဗီက(History of Burma စာအုပ်ပြုစုသူ G .E. HARVEY ) ဒေပိုင် ဆိုရေ၊ ဖေယာက (History of Burma စာအုပ် ပြုစုသူ PHAYRE ) ဒေပိုင်ယှောင် ဆိုရေ၊ ဟောလ်က( BURMA စာအုပ်ပြုစုသူ HALL) မေသေပိုင်၊ ထိုရာဇဝင်က ဇာပိုင်နန့် ပြောကတ်တေ။ ရခိုင် မဟုတ်တေ ပရံလူတိပြောရေ အနှုံးရာ ယုံကတ်တေ။ ဒေလူပြောစွာကို ယုံလိုက်၊ ထိုလူပြောစွာကို ယုံလိုက်နန့် သံစေပိုင် ခတ်တိုင်းမွိရေ လူသံစေ ဖြစ်နိန်ရေ။ သံစေရေ ခတ်ဖက်ကို မွိတတ်တေ။
ယေဇု ရခိုင်သမိုင်းနန့် ယဉ်ကျေးမှုတိကို လိလာရေခါ ခတ်တိုင်းလေ လူသံစေ မဖြစ်စီကတ်ကေ့ အဝေရို့။

၃။ တကျမ်းကျီ

ရခိုင်ရာဇဝင်ကို ပြောကတ်တေခါ ၁၉၃၂ ခုနှစ်က ထုတ်ဝီရေ အသျှင် စန္ဒမာလာလင်္ကာရ၏ ရခိုင် ရာဇဝင်သစ်ကျမ်း( တောင်ကျောင်းရာဇဝင်လို့လေး ခေါ်ကတ်တေ)မာ ပါစွာတိကိုဗျာယ် နနှောင်းကိုင်လို့ဂျေး ပြောနိန်ကတ်တေ။ တကျမ်းကျီရာ ဖြစ်နိန်ကတ်တေ။ ရခိုင်ရာဇဝင်ဆိုစွာ ယင်းစာအုပ် တစ်အုပ်မာဂျည်း ဟိစွာမဟုတ်။ ရာဇဝင် ၄၈ စောင် ဟိရေ။ ယှာလို့ ဖတ်ကတ်။

၄။ လောင်းရိပ်မိစာ

ရခိုင်ရှီးဟောင်း စာပီတိကို လိလာရေခါ ကိုယ်ရို့စွာလား၊ လောင်းရိပ်မိစာ ဆိုစွာလားကို သိထားဖို့ လိုရေ။ လောင်းရိပ်မိစာတိရေ အမှန်နန့် မနီးစပ်။
"လောင်းရိပ်မိစာကို သတိထားကတ်။ ဆင်တူရိုးမှား ဝင်လုပ်ကတ်တေ လူတိဟိရေ။ ဥက္ကာပျံစာပီတိက အယင်က အားလုံး ရခိုင်သံစစ်စစ်နန့် ဟိရေ။ လောင်းရိပ်မိလားလို့ တချို့အသံပြောင်းလားယာ။ မြွီဟောက်တပိုင်း၊ လင်းမြွီတပိုင်း ဖြစ်နိန်ရေ။ လောင်းရိပ်မိ လွတ်တေဆိုလို့(အောက်အာကာဗွီ၊ ဝါယောထွီ၍၊ လီထက်ကားရီ၊ မြီထက်ရီတည်း။ ပထဝီဟု၊ တူထုနှစ်သိန်း) ဆိုရေ ကဗျာတပုဒ်ယာ ကျန်နီလိုက်တေ။
"ဆံတော်ရှင် ဘုရားသမိုင်းတိလေ့ မူလကဆိုကေ မြတ်စွာဘုရား လက်ထက် စန္ဒာသူရိယလက်ထက်ကပင် တွင်လာခရေလို့ ရခိုင်ရာဇဝင်တိမာ ပါရေ။ လောင်းရိပ်မိရေအခါ ဘရုကစ္ဆသင်္ဘောဆိပ်က အကောက်အခွန်ကောက်လို့ ရလိုက်တေဆိုဝှါ။ ဝင်သုံးဆယ်ကျမ်းမာလေ့ မူလကျမ်းနန့် လောင်းရိပ်မိကျမ်းလို့ ဟိရေ။ အခြားအခြား စာပီသမိုင်းတိကိုလေ့ စီစစ်ဝေဖန်ကတ်။ လောင်းရိပ်မိကေ ဆွဲထုတ်ဗျာယ် သင်္ဂါယနာတင်ကတ်။"
မှတ်ချက်။ ဒေပိုင် လောင်းရိပ်မိစာတိကို သတိထားရဖို့ဆိုစွာရေ ရာဇဝင်မာ အထင်အရှား ဟိပါရေ။
"၁၁၅၉ ခု၊တပို့တွဲလတွင် ရခိုင်ပြည်ကို စစ်ပြု၍ သိမ်းယူလေသည်ဖြစ်၍ ထိုပိဋကတ်ကျမ်းစာတို့ကို အမရပူရ ဘိုးတော်မင်းက ရခိုင်ပြည်သို့ ပြန်ပို့တော်မူပြီးလျှင် ရခိုင်မြို့တွင် ပိဋကတ်တိုက်တည်၍ ထားစေတော်မူ၏။ ထိုပိဋကတ်တိုက်မှ အသစ်ရေးကူး၍ သင်ကြားစေ။"...ရခိုင်ရာဇဝင်သစ်ကျမ်း၊ဒုတိယတွဲ၊ ၁၉၃၂၊ စာ ၃၅၀။
မြောက်ဦးပျက်လို့ ၁၃ နှစ်ကြာပြီးမှ ပြန်ပို့လိုက်တေ ပီစာ၊ ကျမ်းစာတိက လောင်းရိပ်မိစာတိ မကန်မကန်ပါလီဖို့ မှတ်ပါရေ။ အနုစာပီလေ့သွင့် လောင်းရိပ်မိက လွတ်ဖို့ကား မဟုတ်။ လောင်းရိပ်မိစာရေ အမှန်ထက် အမှားက များလီဖို့ရာ ဖြစ်တေ။ ယေဇု ဆရာကြီးက ဆုံးမခစွာ ဖြစ်တေ။

၅။ အလှမ်းကျယ်ကေ အလယ်လပ်တေ

အလုပ်တခုကို လုပ်တေခါ ခြီလှမ်းမကျယ်ဖို့ လိုရေ။ မဟုတ်ကေ အလယ်လပ်လားဖို့။ အလယ်လပ်လားကေ မဟုတ်စွာတိ ဖြစ်လားဖို့။ အယင်ကခါ ပင်ရှေဂျယောကို ဝယ်ကတ်တေ။ ဒေဂုပိုင် ခြုပ်လို့ဝတ်ရစွာမျိုးမဟုတ်။ ကိုးတောင်ရှေရေ ဂျယောကို အစတဖက်ကို ခါးမာနှောင်းဟိအောင် စေးရရေ။ ယင်းပိုင် စေးရေခါ ခြီကိုကားထားရရေ။ ယင်းပိုင် ဝတ်လို့ထားရေခါ လားကေယက်ကေ ခြီလှမ်းကို အကျယ်လှမ်းလို့မရ။ ယင်းပိုင် လှမ်းလိုက်ကေ အလယ်ကစွာတိကို လူတိမြင်လီကတ်ဖို့ဗျာယ်။ ယေဇု ဆရာကြီးက သတိပီးခပါရေ။ အလှမ်းကျယ်ကေ အလယ်လပ်တေ။

၆။ တဗူးတန်သူကို တဗူး

လောကမာ တဗူးချက်ထမင်းပိုရာ စားတတ်တေလူကို စေတနာကောင်းရေဆိုပနာ တသိုက်(လေးဗူး)ကို ချက်ကျွေးကေ အားနာဘိယက်စားလို့ ဝမ်းမာ မကန် ဖြစ်လီဖို့။ အလိုက်မသင့်ကေ အူအပေါက်လီဖို့။ ယင်းပိုင်ဗျာယ် တသိုက်ထမင်းကိုရာ စားတတ်တေလူကို တဗူးချက်လို့ကျွေးကေ စားလို့ဝဖို့မဟုတ်။ ယေဇု ယဉ်ကျေးမှု ဗဟုသုတကိုဖြစ်ဖြစ်၊ ပညာတခုခုကို ဖြစ်ဖြစ် ဖြန့်ပီးရေခါ ဒေသူက တဗူး စားတတ်စွာလား တသိုက် စားတတ်စွာလားကို ချင့်ချိန်ကတ်ရရေ။

ဆရာကြီးဦးဦးသာထွန်း၏ ပြောစကားတိ စာအုပျမှကူးယူတင်ပြအပ်ပါသည်။
Copy #credit. #အရှင်သီရိန္ဒမေတ္တာဝါဒီ 😊

image