လူတစ်ယောက်
ဘယ်လောက်ပဲ သန်မာပါစေ ...
သူ့မှာ ပြိုလဲချင်တဲ့ အချိန်တွေဆိုတာ ရှိပါတယ်
သန်မာပါတယ်ဆိုတဲ့ လူတစ်ယောက် ပြိုလဲတဲ့အခါ
ပိုပြီး ဆိုးတတ်သလို ပိုပြီးတော့ အဖော်မဲ့ရတတ်တယ်
အဲ့ဒီနေ့ရက်တွေမှာ အပြစ်မတင်ပဲ
လမ်းတွေ ပြပေးတတ်တဲ့ လူတစ်ယောက်လိုပါတယ် ။
ရင့်ကျက်ပါတယ်ဆိုတဲ့ လူတစ်ယောက်မှာလဲ
နာကျင်ရတဲ့ အချိန်တွေဆိုတာ ရှိတတ်တာပဲ မဟုတ်လား ..
လူတွေကလေ ... သူ ရင့်ကျက်တာပဲဆိုပြီး
ပစ်ထားလိုက်ကြဖို့ပဲ တွေးကြတာများတယ်။
အဲ့ဒီ နာကျင်နေတဲ့ရက်တွေမှာ
ကိုယ့်ကို နားလည်ပေးမယ့် လူတစ်ယောက်ရဲ့လက်ကို
ဆွဲထားချင်တတ်တာ သဘာ၀ပါပဲ ။
လူတစ်ယောက် ဘယ်လောက်ပဲ သန်မာနေပါစေဘယ်လောက်ပဲ ရင့်ကျက်နေပါစေ ...
ကလေးဆန်လို့ရမယ့် ရင်ခွင်တစ်ခု လိုအပ်သလို
မျက်ရည်တွေကျပြီး မြိုသိပ်ထားတာတွေကို ပြောပြဖို့
နားလည်ပေးမယ့် လူတစ်ယောက်လိုကို
လိုအပ်ပါတယ် ။
#crd
Zin Mar Myint
#crd