#နှောင် 🪡
ချည်နှောင်မထားဘူး
ဒါပေမယ့် ရုန်းထွက်မရဘူး
တချို့အငြိတွေက . . .
ဝဋ်ကြွေးသက်သက် . . .
ဒီရုပ်ရှင်လေးကိုလဲ သဘောကျပါတယ် ဇာတ်အရှိန် အီအီလေးလေး ဖြစ်နေတယ်လို့တော့ ခံစားရတယ်.....
ခေတ်ဟောင်းရုပ်ရှင် တစ်ခုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်သည့်အလျှောက်
#ဇာတ်ဆန်တဲ့ #ဇာတ်ကွက်လေးတွေတော့ ခံစားမိတယ်....
သားနဲ့သမီး က အဖေ့ဓာတ်ပုံကြည့်ပြီး သီချင်းဆိုဆိုနေတဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ အမှန်တိုင်းပြောရရင် ခံစားလို့မရဘူး
အရင်ခေတ် ရုပ်ရှင်တွေကို ပြန်ပြန်မြင်ယောင်မိပြီး ဟားချင်သလို ဖြစ်ဖြစ်သွားတယ်.... 😁
" ပိုးမမှီသာ " ရော " နော်ဖောအယ်ထား " ရော
ပါဝင်ရတဲ့ ဇာတ်ကောင်လေးတွေမှာ
တာဝန်ကျေကျေ လုပ်ပြသွားနိုင်တယ်လို မြင်မိတယ်....
" ကိုနေတိုး " ဆိုလဲ
အသံတွေဟန်ပန်တွေကအစ အများကြီး ကြိုးစားအာထုတ် ပြောင်းလဲပြီး သရုပ်ဖော်ထားတာကို တွေ့ရတယ်....
" နှောင် " ရုပ်ရှင်က
နေတိုး ရဲ့ စတုတ္ထမြှောက်အကယ်ဒမီ ကို ယူဆောင်ပေးနိုင်မလား....?
အမျိုးသားဇာတ်ဆောင်ဆုကို ရင်ခုန်လို့ ရနိုင်တယ်လို့ မြင်မိတယ်....
အိမ်ထောင်ရေ ဇာတ်လေးလို ပြောရမလား....
528 နဲ့ 1500 အားပြိုင်မှုလေးတွေလဲ တွေ့ရတယ်....
1500 ချစ်ခြင်းရဲ့ ပူလောင်ပြင်းပြမှုတွေ နောင်တတရားတွေနဲ့ သင်ခန်းစာလေးတွေလဲ ယူတတ်ရင် ရမယ့်ရုပ်ရှင်လေးပါပဲ....
ဒေါက်တာ မိုးဇေသာ ရဲ့
အချစ်တွေက အတ္တကြီးခဲ့လေသလား ?
အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့ အထိ သက်လျာ အပေါ်ထားတဲ့ သူ့ချစ်ခြင်းတွေက ကြီးမားစစ်မှန်နေခဲ့တယ်....
သက်လျာ ရဲ့ အရာရာကို သိနေပါလျက်နဲ့ ကိုယ့်ချစ်တဲ့သူရဲ့ နောက်ဆုံးရွေးချယ်မှုကို မလွန်ဆန်နိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းလေးကလဲ မွန်းကြပ်မှုတွေကို ခံစားခဲ့ရတယ်....
တကယ်တော့
ဒေါက်တာမိုးဇေသာ ၊ သက်လျာ နဲ့ သစ်သစ် တို့ရဲ့ နှောင်ဖွဲ့မှုလေးက ဝဋ်ကြွေလေး တစ်ခုလို့ ဆိုနိုင်မလား....
-------
ငါ့ဘဝ
စုတ်ပြတ်သတ်သွားတဲ့ အချိန်မှာတော့....
ငါမြတ်မြတ်နိုးနိုး တမ်းတခဲ့ဖူးတဲ့ အရာတွေအားလုံး
ဘာတစ်ခုမှ မလိုချင်တော့ပါဘူး....
မိုးဇေသာ
-------
ပရိသတ်အကြိုက်တွေ့နိုင်မယ့်
ရုပ်ရှင်လေးတစ်ခုအဖြစ် ညွှန်းဆိုပေးလိုက်ရပါတယ်....
နှစ်ပတ်ဆက်တိုက် ရုံတင်ပြသမှာမို့ မကြည့်ရသေးတဲ့ ရုပ်ရှင်ချစ် ပရိသတ်ကြီးလဲ ကြည့်ရှူအကဲဖြတ်နိုင်ပါတယ်နော်....
#ချစ်သောအနုပညာ ✨