Cleansing oil သုံးပြီး ဝက်ခြံအဆီဖုတွေထွက်လာရင်😭
ဒီနေ့ Nyi ဒီအကြောင်းလေး ပြောပြချင်တယ်နော်။ Cleansing oil နဲ့မတည့်ဘူးဆိုတာ ကိုယ်တွေပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ issue တခုပါပဲ။ သူများကကောင်းတယ်ဆိုလို့ ဝယ်လာပြီးသုံးကြည့်ပေမဲ့ ကိုယ်နဲ့ကျ သုံးပြီးနောက်နေ့ ဝက်ခြံအဆီဖုတွေထွက်လာတယ်၊ ကန်ထွက်တာလား မတည့်တာလား ဘာလုပ်ရမလဲဆိုတဲ့မေးခွန်းတွေ ထွက်လာတယ်ပေါ့နော်။
အဲ့အတွက် အရင်ဆုံးပြောချင်တာကတော့ cleansing oil တွေက စစသုံးချင်းမှာ အဖုတွေကန်ထွက်စေတဲ့ skincare ထဲမပါဝင်ပါဘူး။ အသစ်ဆိုလို့ သူတခုပဲသုံးလိုက်တယ်၊ သူ့ကြောင့် အဖုတွေထွက်လာတာ သေချာတယ်ဆိုရင် first step အနေနဲ့ သူ့ကိုသုံးတာ ရပ်လိုက်ရမှာပါ။ နှမျောပြီး ဆက်သုံးနေလို့ မရဘူးနော်။ ကိုယ်တိုင်တော့မကြုံဖူးပေမဲ့ cleansing oil ကြောင့် breakout ဖြစ်ရင် အတော်လေးဆိုးတယ်လို့ သိရပါတယ်။
Nyi အမြင် cleansing oil နဲ့အဆင်မပြေတာက အဓိက 2ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ပထမအချက်က သူ့မှာပါတဲ့ ingredients တွေထဲက တခုခုနဲ့မတည့်တာလား? ဒုတိယအချက်က ကိုယ်သုံးတဲ့နည်းလမ်း မှားနေလို့လား? ဆိုတာပါ။ များသောအားဖြင့် cleansing oil ဆိုရင် အဆီတမျိုးတည်းကို အဓိကထားသုံးတာထက် အဆီ 3,4မျိုးကို ရောပြီးအသုံးပြုတာကြောင့် ကိုယ်နဲ့မတည့်တဲ့ oil နဲ့တွေ့ပြီး breakout ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။
တချို့ကတော့ သုံးတဲ့နည်းလမ်းမှားယွင်းလို့ ဖြစ်ပါတယ်။ Cleansing oil ကို စနစ်တကျအသုံးပြုဖို့အတွက်ဆိုရင် အရင်ဆုံးလက်ထဲကို လိုသလောက်ထည့်ပြီး ခြောက်သွေ့သန့်ရှင်းနေတဲ့မျက်နှာမှာ 1min လောက်ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ဆေးချပြီး မျက်နှာသစ်သုံးပေးပါ။ အဲ့လိုမဟုတ်ဘဲ cleanser နဲ့အရင်သစ်ပြီးမှ cleansing oil ကိုသုံးလို့ရှိရင် cleansing oil ရဲ့ residue တချို့ မျက်နှာမှာကျန်ရစ်ပြီး ဝက်ခြံအဆီဖုထွက်နိုင်ပါတယ်။
နောက်ပိုင်းမှာ cleansing oil တွေက formulation ပိုင်းအဆင့်မြင့်လာတာမလို့ ရေဆေးချပြီးတာတောင် ချွဲကျိကျိကျန်တာမျိုးတော့ လည်ရှာရင်တောင် မတွေ့ရတော့ပါဘူး။ ဒါကြောင့် cleansing oil သုံးပြီး deep cleansing ဖြစ်တဲ့ မျက်နှာသစ်နဲ့မသစ်လို့ အဖုထွက်တယ်ဆိုတာမျိုးတော့ အရမ်းရှားလိမ့်မယ်လို့ Nyi အနေနဲ့ ပြောပါရစေ။ Water based cleanser ဖြစ်ရင်ပြီးရော ဘာပဲနေနေ ကိုယ့် skin type နဲ့သာကိုက်ရင် သုံးလို့အဆင်ပြေတယ်နော်။
နောက်ဆုံးတခုအနေနဲ့ မှာချင်တာကတော့ သူများတွေ cleansing oil နဲ့မတည့်လို့ဆိုပြီး ကိုယ်စသုံးဖို့ မကြောက်ပါနဲ့။ အသားအရေကောင်းဖို့အတွက် double cleansing ကအခရာကျသလို ရေရှည်အတွက်လဲ cleansing oil တွေကမှ superior ဖြစ်လို့ Nyi ကတော့ try ကြည့်စေချင်ပါတယ်။ ဒါပေမဲ့ cleansing oil လုံးဝမသုံးသင့်တဲ့သူလဲ ရှိတယ်နော်။ Hormonal acne ဖြစ်နေရင်၊ ဝက်ခြံအဆီဖုအရမ်းဆိုးနေရင်၊ မျက်နှာရောင်ရမ်းထိခိုက်နေရင် မသုံးသင့်ပါဘူးခင်ဗျာ။
ဒီနေ့အကြောင်းအရာလေးက အချိန်ပေးပြီးဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျ။ နောက်ရက်မှာ review အသစ်လေးနဲ့ ပြန်တွေ့ကြမယ်နော်💙🫶
#knowledgesharingbynyi
#reviewbynyi
#crd