7 w - Translate

ကျွန်တော် က ...သိပ်ရက်စက်တာ

ဖုန်းတွေ မကိုင်တော့ဘူးဆိုရင်ချပစ်ဖို့ ၀နျမလေးဘူး
တိတ်ဆိတ်ချင်ပြီဆိုရင်
ဘာကြောင့်ဖြစ်ဖြစ် အသံတွေထွက်မနေတော့ဘူး

မှန်တယ်မှားတယ် မှားတယ် မှန်တယ်တွေ
တွေးမနေတော့ဘူး

အများကြီး ဂရုစိုက်ခဲ့ပြီးမှ ပြန်ရမလာရင်
ဘယ်အရာကိုမှ မလိုချင်တော့ဘူးလေ

ဒီလိုပါပဲ ...ကျွန်တော်က သိပ်ရက်စက်တာ

ငါ နာကျင်နေပါပြီလို့ မအော်တတ်ခဲ့သလို
ငါ ဘာဖြစ်နေပါပြီဆိုပြီး မပြောတတ်ခဲ့ဘူးလေ

ဘယ်သူ့ကြောင့်ပါ လက်ညိုးတွေ မထိုးတတ်ခဲ့ဘူး

အဆင်ပြေသွားမှာပါဆိုတဲ့ စကားလေးသုံးတယ်
အဆင်ပြေလာမှာပါဆိုပြီး ညာတယ်

နောက်ဆုံးမှာမှဘယ်သူမှရှိမနေလည်းဖြစ်တယ်ဆိုတဲ့
စကားကိုသုံးတယ်

ဟုတ်ပါတယ် ...
ကျွန်တော်က ရက်စက်တတ်ပါတယ် ။

#2001

image