အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက်
ပေါက်ကွဲသွားတဲ့အခါ
ဒီလောက်လေးနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူးဆိုတဲ့
စကားတွေနဲ့
အပြစ်တွေ တင်တတ်ကြတယ် ။
အမြဲတမ်း နားလည်ပေးနေတဲ့လူတစ်ယောက်က
နားလည်မပေးတော့တဲ့အခါ
ဒီလောက်လေးတောင် နားလည်မပေးနိုင်ဘူးလားဆိုတဲ့
စကားတွေနဲ့
စကားနာထိုးတတ်ကြတယ် ။
ဘယ်အရာမဆို
အတိုင်းအတာ ဆိုတာရှိတယ်ဆိုတာမှန်း
လူတိုင်းက နားမလည်တတ်ကြဘူး
သူတို့မှ မနာကျင်ဖူးရင်သူတို့မှ မနစ်နာဖူးရင်
သူတို့ ဖြစ်တာမှ မဟုတ်ရင်
ဒဏ်ရာဆိုတာကို သူ့တို့က ဟာသလို့ပဲ ထင်ကြတာ ။
#2001