တခါတလေ ကိုယ့်ကိုယ်ကို သိပ်သနားတယ် ။
ပင်ပန်းလည်း အရမ်းတက်ကြွနေသလို
ဟန်ဆောင်ရတယ် ။
နာကျင်နေလည်း ဘာမှမဖြစ်သလို နေပြရတယ် ။
သေလောက်အောင် ဝမ်းနည်းနေလည်း
သိပ်မခံစားရသလို ပြုံးနေရတယ် ။
ဘာတစ်ခုမှ အဆင်မပြေလည်း
အရမ်းအဆင်ပြေနေသလို လုပ်ပြနေရတယ် ။
မျက်ရည်တွေ သိမ်းဆည်းဖို့
ရယ်မောခြင်းနဲ့ ဟန်ဆောင်ဖာထေးရတယ် ။
မလှပတဲ့ အတိတ်ရယ် သွေးမတိတ်တဲ့ ဒဏ်ရာတချို့ရယ် ရင့်ကျက်ခြင်းလို့ ခေါင်းစဉ်တပ်ပြီး ဟန်ဆောင်မုသားတွေနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေကြား
တကယ်ပါ ကိုယ့်ကိုယ်ကို သိပ်သနားမိတယ်
#2001
//crd