ရယ်ဒီမိတ် လက်ဖက်ရည်ထုတ်ပေါ်
သံယောဇဉ်ထားခဲ့တယ်
ပုံစံမကျတဲ့ ဆံပင်ရှည်ပေါ် သံယောဇဉ်ထားခဲ့တယ်
ဘဝမှာ ပထမဦးဆုံးရဖူးတဲ့ စက်ဘီးအိုလေးပေါ်
သံယောဇဉ်ထားခဲ့တယ်
ကိုယ်မတီးတတ်တဲ့ ဂစ်တာနဲ့ ကိုယ်မရနိုင်တဲ့ မေတ္တာအပေါ် သံယောဇဉ်ထားခဲ့မိတယ်
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်က သာမှန်လူတစ်ယောက်ဖြစ်လို့။
အခုတော့
ကိုယ်ဖြတ်လျှောက်ခဲ့တဲ့ ခုနှစ်တွေထဲမှာ
အ ချင်ယောင်ဆောင်ခဲ့ရင်း
စိတ်ဒဏ်ရာအနာတရတွေ မရှိချင်ယောင်ဆောင်ရင်း
ငါ့ကိုငါ သံယောဇဉ်ထားဖို့ မေ့လျော့ခဲ့ပါတယ်..။
အရိုးရှင်းဆုံးနဲ့ ခပ်ညံ့ညံ့ပြောရရင်
ဦးစိုးပိုင်သီချင်းထဲကလို
"ကမ္ဘာမှာ ပျော်သလိုနေနိုင်ရင်
လူဖြစ်မရှုံးဘူး တွေးထားသူပါလေ"လို့
နေထိုင်ဖို့တွေးခဲ့ပေမဲ့
အခုထိ မနေနိုင်ခဲ့တာ ကျွန်တော် အသိဆုံးပါ..။
#ရိုတံ
#datxa&Yoetan
5.10.2024