ပိုင်ရှင် ဖြစ်ချင်စိတ်မစောပါနဲ့
ဝန်ထမ်းဘဝနဲ့ ကျင်လည်လိုက်ပါ
ဘယ်လောက်ချမ်းသာချမ်းသာ ဝန်ထမ်းလုပ်ပါ
တနေ့ရှစ်နာရီ လုပ်ချိန်မှာ အပြည့်အဝ အလုပ်လုပ်ပါ လေ့လာပါ သင်ယူပါ အခိုင်းခံ အဆူခံ အနိုင်ကျင့်ခံပါ ပေးထားတဲ့အချိန်က ရတဲ့လခထက်တန်ဖိုးရှိပါတယ်
သူများအလုပ်မှာ အတွေ့အကြုံတွေ ရမှ ကိုယ်ပိုင်သေးသေးလေးထောင်ပါ ဝန်ထမ်းအလုပ်ကို မထွက်ပါနဲ့ဦး
ကိုယ်ပိုင်အလုပ်ကြီးလာရင် ဝန်ထမ်းခန့်ပါ လခစားအလုပ်ကို မထွက်ပါနဲ့ဦး
အခိုင်းခံဘဝနဲ့ ရိုးရိုးလေးဆက်ပြီးနေပါ တဖက်မှာ အမည်မဖော်ဘဲ ပိုင်ရှင်ကြီးဖြစ်အောင် နှိမ်ချပြီးကြိုးစားပါ
လူတွေက ဘောစိလို့မထင်လေ ကိုယ့်ဘဝ တိုးတက်လေ မိတ်ဆွေ အစစ်ရလေ အောက်ခြေခိုင်လေပါ
ချစ်တဲ့
လှနု