7 w - Translate

လူနှစ်ယောက်ချစ်တာ ကြလာရင်
ရိုးအီတတ်လား....။
တစ်ယောက်နဲ့တစ်ယောက် ချစ်တာကြာလာတော့ အကြောင်းတွေ
ပိုသိလာတယ်။စိတ်နေစိတ်ထား၊
အပြုအမူတွေ အားလုံးပေါ့။
ချစ်သူသက်တမ်းကြလာတော့
နေ့စဥ်ဘဝတွေမှာ အဆင်မပြေမှုတွေ၊အထင်လွဲခံရပြီး စကားများတာတွေ
ရှိလာမယ်။တချို့ရက်ဆို
ဆက်တိုက် အဆင်မပြေမှုတွေ
ရှိပြီး တစ်နေကုန် စကားပြောရတာ
အပေါက်မတည့်ဘူး၊ကီးမကိုက်ဘူး။အဲမှာ တွေးမိလာတယ်။ငါသူ့ကို မချစ်တော့ဘူးထင်တယ်။
သူရော ငါ့ကို မချစ်တော့ဘူးထင်တယ်။အဲဒီအချိန်မှာ တတိယလူ
ပေါ် လာဖို့ အကောင်းဆုံး အချိန်ပဲ။

အီစီကလီလုပ်ပြီး စကားတွေ ပြောဖြစ်မယ်။အဲဒီတတိယလူနဲ့ ယခု
လက်ရှိချစ်သူနဲ့ နှိုင်းယှဥ်ကြည့်တာရှိမယ်။တတိယလူက နူးညံ့သိမ်မွေ့ပြီး ချစ်စရာထင်နေတယ်။
အဲမှာ စိတ်မထိန်းနိုင်တဲ့အခါ ဆက်ဆံရေးအသစ်တစ်ခု စတင်လိုက်တယ်။သိထားရမှာက လူနှစ်ယောက် ချစ်တာကြာလာရင် ရင်ခုန်သံတွေ၊အချစ်တွေ ပုံမှန် ဖြစ်သွားပြီ။မချစ်တာတော့တာ မဟုတ်ဘူး။နောက်ပြီး လူနှစ်ယောက်က သိပ်ပြီးနီးကပ်လွန်းတဲ့အခါ အဆင်မပြေမှုတွေ ရှိတတ်တယ်။သိပ်နီးရင် ပူတတ်တယ်။
ဒီလိုအဆင်မပြေချိန်ဆို စိတ်ထွက်ပေါက်အနေနဲ့ လူသစ်ကို ရှာရတာ
မဟုတ်ဘူး။Me Time ကို အပြည့်အဝ ယူရတာပါ။နှစ်ယောက်လုံး
စိတ်တည်ငြိိမ်အေးချမ်းသွားမှာ
စကားသေချာပြန်ပြောကြရတယ်။

ခဏတာ ရင်ခုန်မှုအတွက်နဲ့
ဘေးနားက စစ်မှန်တဲ့လူ၊
ဘဝရဲ့အရေးကြီးတဲ့လူကို မဆုံးရှုံးလိုကပွါနဲ့။လကမွလှှတလွိုကပွါိနဲ့။
ဘတ်စ်ကားတစ်စီးလွတ်သွားရင်
နောက်တစ်စီးစောင့်လို့ရပေမဲ့
ကိုယ့်ကို သိပ်ချစ်ပေးတဲ့လူကိုတော့ လွတ်သွားရင် တစ်ဘဝစာ
ဖြစ်သွားနိုင်ပါတယ်။

#နူးနူးအောင်

image