7 w - Translate

အိမ်မက်တစ်ချို့ ကျောခိုင်းပြီး
ဘဝပေးတဲ့ လမ်းပေါ်
ငယ်ရွယ်မှုတွေ ချနင်းပြီး
လျှောက်နေရတဲ့ လူငယ်အတွက်
ဆုံးရှုံးဖို့ ဘာကျန်သေးလဲ။

ငိုနေရလဲ တန်ပါတယ်
မပျော်ရလဲ ကံပါပဲ
အနာဂတ်မဲ့နေလဲ ပန်းတိုင်တော့
ရှိနေသေးတာပဲ

အကြောင်းအမျိုးမျိုးကြောင့်
အိမ်က ထွက်လာသူရှိမယ်
အကြောင်းအမျိုးမျိုးကြောင့်
အိမ်မပြန်နိုင်သေးသူတွေရှိတယ်
တူညီတဲ့ ခံစားချက်ကတော့
အိမ်ပြန်ချင်တာပါပဲ။

အရည်အချင်းလား
လူတိုင်းမှာရှိပါတယ်
ဝါသနာနဲ့ကင်းကွာတဲ့ အရပ်မှာရောက်နေကြလို့
ရွက်ပုန်းသီးတွေ အမှိုက်ဖြစ်နေတာ...

#crd_to_owner_with_respect

image