7 w - Translate

" မျက်နှာလွှဲနေလိုက်ပါ.... "

တစ်ချို့လူတွေက
လိမ်နေတယ်...
လိမ်နေမှန်းလဲ သိနေတယ်
သိနေပါရက်နဲ့
မသိချင်ယောင်ဆောင်
ပေးလိုက်တယ်။

တစ်ချို့လူတွေက
အကျင့်ယုတ်ကြတယ်...
အကျင့်ယုတ်မှန်းလဲသိနေတယ်
သိနေပါရက်နဲ့
မျက်နှာပျက်မရလို့
သည်းခံနေပေးလိုက်တယ်။

တစ်ချို့လူတွေက
လေများတယ်
လေများမှန်းလဲ သိနေတယ်
သိနေပါရက်နဲ့
မကောင်းတတ်လို့
မျက်စိတစ်ဖတ်ပိတ်ပြီး
နေပေးလိုက်တယ်။

တစ်ချို့လူတွေက
သိပ်အပြောကောင်းတယ်.
မဟုတ်မှန်းလဲ သိနေတယ်
သိနေပါရက်နဲ့
နားထောင်ကောင်းကောင်းနဲ့
ကျိတ်ပြီး ယုံပေးလိုက်တယ်။

တစ်ချို့လူတွေက
ဟန်ဆောင်ကောင်းတယ်.
ဟန်ဆောင်နေမှန်းလဲသိနေတယ်
သိနေပါရက်နဲ့
ကိုယ်ပါမသိချင်ယောင်
ဆောင်ကာဟန်ဆောင်ပြီး
နေပေးလိုက်တယ်။

လူ့လောကကြီးဟာ
အရမ်းကို
ရှုပ်ထွေးလွန်း ပါတယ် ။

သိနေပေမယ့်လည်း .
မသိလိုက်တာက
ပိုကောင်းတာမို့

မြင်နေပေမယ့်လည်း ...
မမြင်ချင်ယောင်
ဆောင်လိုက်ရတာက
ပိုပြီးအေးချမ်းပါတယ်။

- အဖြေ မထွက်တဲ့
အရာတစ်ခုကို
" တောက် "
တစ်ခေါက်ခေါက်နဲ့
တွေးမိတိုင်း တနုံနုံနဲ့ ထိုင်ပြီး
ဒေါသထွက်နေလို့လည်း
ဘာမှ မထူးလာတာတွေ
ရှိတတ်ပါတယ် ။

_ ကိုယ်ပြုပြင်လို့
မရမယ့်အတူတူ
တစ်ခါတစ်လေမှာ
မျက်နှာလေးလွှဲပြီး
နေလိုက်တာက
ပိုပြီး ကောင်းပါတယ်။

#credit

image