မန်ယူနောက်ခံလူ မက်ဂွဲယား ဒဏ်ရာကြောင့် ရက်သတ္တပတ် ခန့်အနားယူရမည်
မန်ယူနောက်ခံလူ မက်ဂွဲယားဟာ ဒဏ်ရာအခြေအနေကြောင့် ရက်သတ္တပတ်ခန့် အနားယူရမယ်လို့ သိရပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ဗီလာနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲစဉ်မှာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့လို့ ပထမပိုင်းအပြီးမှာပဲ လူးစားလဲခံခဲ့ရတာပါ။
မက်ဂွဲယားအနေနဲ့ အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံရခြင်းမရှိတာကြောင့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်လည် ကောင်းမွန်လာဖို့ ကြိုးပမ်းသွားရမှာပါ။
မန်ယူအသင်းမှာ မက်ဂွဲယား အပါအဝင် ဂါနာချို၊ မိန်နူးနဲ့ မက်ရာအိုယူတို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် သက်ဆိုင်ရာနိုင်ငံအသင်းတွေကနေ နုတ်ထွက်ခဲ့ပါတယ်။
DVB