စိတ်ဖိစီးမှုတွေများနေရင်ဘာတွေလုပ်ဖြစ်လဲ ❓
ကျောင်းသားဆိုရင် နေ့စဥ်လေ့လာရမယ့် အိမ်စာတွေများနေတာ…
ဝန်ထမ်းဆိုရင် အလုပ်နဲ့ဘဝ Balance မညီတာ…
စတဲ့အခက်အခဲလေးတွေကြုံလာရပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေဖြစ်လာတက်ပါတယ်နော်
စိတ်ဖိစီးမှုကိုမဖြေရှင်းဘဲ ကြာကြာထားလာတဲ့အခါမှာ အားအင်ကုန်ခမ်းတာ၊ အလုပ်လုပ်ချင်စိတ်မရှိတာ ဒီလိုမျိုးမကောင်းတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရလာတက်ပါတယ်။
ဒါကြောင့် မိမိကအလုပ်လုပ်ရတာအရမ်းပင်ပန်းနေပြီး စိတ်ဖိစီးမှုတေွများနေရင် ဖြေရှင်းလို့ရနိုင်မယ့်နည်းလမ်းကောင်းတွေကိုမျှဝေပေးချင်တယ်။
1.အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးမဝတဲ့သူက မိမိရဲ့လုပ်ရေကိုင်ရေကိုလျော့ကျစေတဲ့အတွက် အလုပ်လုပ်တဲ့အခါမှာစိတ်မပါတာမျိုးဖြစ်တက်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေလျော့နည်းဖို့ဆိုရင် အိပ်ရေးဝဝအိပ်ဖို့ကလည်း အမြဲလိုအပ်တယ်နော်
2.သင့်တင့်တဲ့အစားအစာစားပါ
ကျန်းမာလက်ဆတ်တဲ့အစားအစာတွေကိုစားသုံးခြင်းက ခန္ဓာကိုယ်ကြီးထွားဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေတဲ့အတွက် စိတ်ဖိစီးမှုကင်းဝေးချင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသုံးဖို့လိုအပ်တယ်နော်
3.သီချင်းနားထောင်ပါ။
စိတ်ညစ်နေတဲ့အချိန်မှာ သံဇဥ်အေးအေးလေးတွေကလည်း စိတ်ထွက်ပေါက်တစ်ခုဖြစ်စေပါတယ်။ ဟော့ဟော့ရမ်းရမ်းဂီတတွေမဟုတ်ဘဲ သံဇဥ်အေးအေးလေးတွေကိုနားထောင်ချင်းက အနားယူအပန်းဖြေဖို့အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
4.တရားထိုင်ပါ။
တရားထိုင်ခြင်းက မိမိရဲ့ခေါင်းထဲမှာရှိတဲ့ အာရုံထွေပြားမှုတွေကို ရှင်းထုတ်နိုင်စွမ်းရှိတဲ့အတွက် စိတ်ဖိစီးမှုတွေများပြီး အာရုံမစိုက်နိုင်တဲ့အခါ တရားထိုင်ခြင်းကလည်း အထောက်အကူပြုတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
5.သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ။
အလုပ်တွေအများကြီးလုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုအချိန်တွေအများကြီးပေးလိုက်တဲ့အတွက် အထီးကျန်တဲ့ဝေဒနာတွေခံစားရတက်ပါတယ်။ ဒီလိုအခြေအနေတွေကြုံလာရပြီဆိုရင်တော့ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းခြင်းက စိတ်ပျက်အားငယ်တဲ့အတွေးတွေခဏတာပြေပျောက်သွားမှာဖြစ်ပါတယ်။