Great things take time
ကောင်းတဲ့အရာတွေက အချိန်ယူရတယ်
တန်ဖိုးရှိတဲ့အရာကတော့ ပိုပြီးအချိန်အကြာကြီးယူရပါတယ်..။
ဘယ်လောက်ထိလဲဆို တော်ပါပြီလို့ လက်လျော့ချင်တဲ့အထိ ငါတော့သွားပြီထင်ပါတယ် ဆိုပြီးငိုပြီးအော်ဟစ်ပစ်ချင်တဲ့အထိကို အချိန်ယူရပါတယ်..။
ဒါပေမဲ့ စိတ်ပင်ပန်းလွန်းလို့လက်လျော့လိုက်တဲ့အခါ ရှေ့မှာကိုယ်လုပ်ခဲ့သမျှပင်ပန်းသမျှက အရာမထင် ဗလာဖြစ်သွားပါတယ်။
ရပ်ဖို့တွေးမိတဲ့အခါ အခုချိန်ထိကြိုးစားနေခဲ့ရတဲ့ ကိုယ့်ကိုယ်ကိုသနားပါ..။အချိန်ယူရပါတယ်..။ ပြီးတော့ဖြစ်ကိုဖြစ်လာပါတယ်
ဒါကြောင့်လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်ရမယ်ဆိုပြီးကိုရှေ့ဆက်သွားပါ..။
တစ်ချိန်ကြရင်
လက်မလျော့ခဲ့တဲ့ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေပါလိမ့်မယ်..။
တော်ပါသေးရဲ့ ငါဆက်သွားမိခဲ့လို့ဆိုပြီး
ပျော်ရွှင်ရတဲ့အချိန်က ရောက်လာပါလိမ့်မယ်
ရှေ့ဆက်သွားပါ..
Great things take time
တန်ဖိုးကြီးတဲ့အရာတိုင်းကအချိန်ယူရမှာမလို့ပါ
#lavenderpan -7 လာဗန်ဒါပန်
pic from pins