ကျွန်တော်ငယ်ငယ်က
ကိုယ့်ကိုယ်ကို ပိုက်ဆံရှိသားသမီးလို့ထင်တယ်။
မူကြိုသွားရင် ဆွဲခြင်းလေးထဲမှာ
မုန့်တွေအပြည့်၊လက်ညိုးထိုးသမျှရခဲ့တယ်။
စိတ်ညစ်စရာလား၊အဲ့တာဘာများလဲ။
ကျွန်တော်သိတတ်တဲ့ ကျောင်းသားအရွယ်ရောက်လာတော့ ကျွန်တော်တို့မိသားစုသိပ်မချမ်းသာဘူးဆိုတာကိုနားလည်လာတယ်။ကျွန်တော်သတ်မှတ်တာအလယ်အလတ်တန်းစားပေါ့။
ပိုလျှံမနေပေမယ့်ကျွန်တော်တို့အဆင်ပြေပြေနေနိုင်သားပဲ။
ကျွန်တော်ရင့်ကျက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့မိသားစုကဘယ်လောက်ခက်ခဲလဲသိသွားတယ်။
အခုမှခက်ခဲလာတာမဟုတ်ဘူး။အရင်ကတည်းက၊ကျွန်တော်ငယ်ငယ်လေးကတည်းကအဲ့အတိုင်းပါပဲ။
ကျွန်တော့်မိဘတွေက ကျွန်တော်လိုသမျှကိုကြိုးစားဖြည့်ဆည်းပြီး ကျွန်တော့်ကိုယ်ကျွန်တော်ချမ်းသာတယ်ထင်အောင်လုပ်ပေးထားတာ။
အဲ့တာကျွန်တော့်မိဘတွေရဲ့အရည်အချင်းပဲ