တစ်ဖက်ကခေါ်လို့
တစ်ဖက်က ပြန်မထူးနိုင်တဲ့ ဆက်ဆံရေးတိုင်းမှာ
ဘယ်သူ့မှာမှ တာဝန်မရှိပါကြောင်း
ပြောပါရစေ.....
ဆက်လက် ဆက်သွယ်လို့ မရတဲ့အခါ
ပြတ်တောက်ရမှာပဲလေ
တိုတောင်းတဲ့ ရေစက်ကလေးတွေ
အကြောင်းကြောင်းနဲ့ ရပ်တန့်ကြရတဲ့အခါ
နာကျင်ရတာပါပဲ....
ချစ်သူရည်းစားမဟုတ်တဲ့
ဆက်ဆံရေးတွေမှာလည်း
အသည်းကွဲရတာ ရှိတယ်
ဘာပြဿနာအကြောင်းကြောင့်မှ မဟုတ်ပဲ
တချို့သော ဆက်ဆံရေးတွေက
သူဘာသာရပ်တန့်သွားတတ်တယ်
ဒါအထူးဆန်းတော့မဟုတ်ပါဘူး
အချို့သောရေစက်တွေဟာ
သူ့ဘာသာကို တိုဖို့ကံပါလာပြီးသားကို