ကျွန်တော်ဘယ်သူ့ကိုမှထပ်မချစ်ချင်တော့ဘူး
မချစ်ချင်ဘူး ဆိုတာထက်
ကျွန်တော့်ရဲ့ အတ္တဆန်တဲ့ ကမ္ဘာလေးထဲကို
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မခေါ်ရက်တော့တာ
ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်တယ်
ကျွန်တော်မြတ်နိုးတဲ့ အရာလေးတွေဆို ဆုံးရှုံးမှာ
သိပ်ကြောက်တော့ ထပ်ပြီးမဖက်တွယ်ချင်တော့တာ
အတွေးလွန်တယ်လို့ သမုတ်တဲ့အပေါ်
စောတကတက်စရာမရှိတဲ့ ကျွန်တော့်အနေအထားမှာ
တစ်စုံတစ်ဦးအပေါ်မှာမှ ကျွန်တော်စိတ်မနှစ်ချင်တော့ဘူး
ကျွန်တော့်ကိုကျွန်တော်သိပြီး နောက်ပိုင်း
ဘယ်တစ်စုံတစ်ယောက်ကိုမှ
နာကျင်မှုတွေအပြည့်ရှိတဲ့ကျွန်တော့်ရင်ဘက်ထဲကို
ဝင်မလာစေချင်တော့ဘူး
ကျွန်တော်ချစ်ခဲ့တယ် ဆုံးရှုံးခဲ့တယ် နာကျင်ခဲ့တယ်
ဒါကြောင့်ထပ်ပြီး ဘာကိုမှ မဖက်တွယ်လိုတော့တာ...
နောင်တရသွားတာလား နေသားကျသွားတာလားမသိပေမဲ့
ကျွန်တော့်အချစ်ကြောင့် ဘယ်သူ့မှ အနှောက်အယှက်မဖြစ်တော့ဘူးပေါ့