သန့်ဇင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် ဒီနေ့ည တိုင်းနဲ့ပွဲပျက်
=========================================
ဒီနေ့ညထိုးသတ်မယ့် ONE Friday Fights 57 မှာ ထိုင်းဖိုက်တာတိုင်းနဲ့ ထိုးရမယ့် မြန်မာဖိုက်တာသန့်ဇင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ပွဲမထိုးနိုင်တော့တဲ့အတွက် အဲဒီတွဲဆိုင်းပျက်သွားတယ်လို့ သိရပါတယ်။
မြန်မာဖိုက်တာသန့်ဇင်ဟာ ထိုင်းကို စရောက်ချိန်ကတည်းက ဗိုက်အောင့်ခဲ့ပြီး မနေ့ကညနေပိုင်း ဆေးစစ်ဝိတ်ချိန်တာ အောင်မြင်ခဲ့ပေမယ့် ည ၁ နာရီခန့်မှာ အူအတက်ပြဿနာကြောင့် ဆေးရုံတက်ရောက်ခဲ့ရတယ်လို့ လတ်တလောသိရှိထားရပါတယ်။
ဒီသတင်းကို ONE Championship ရဲ့ ပြည်တွင်းရုပ်သံပါတနာ SkyNet Sports က Facebook ကနေ အတည်ပြုထားပြီး သန့်ဇင်နေမကောင်းတာကြောင့် ပွဲပျက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
