လူတွေကို စိတ်မဆိုးတာကြာပြီ ..
စိတ်ဆိုးခြင်းကနေရလာတဲ့ စိတ်ပင်ပန်းမှုဒဏ်ကို
မလိုချင်တော့လို့ပါပဲ။
အဲ့ဒီတော့ ..
စိတ်ဆိုးချင်စရာတွေလုပ်လာရင်
အဲဒီလူဆီကနေ တစ်လှမ်းခွာလိုက်တယ်
စိတ်ချမ်းသာစရာတွေပေးတဲ့လူဆိုရင်တော့
တစ်လှမ်းတိုးလာခွင့်ပေးလိုက်တယ်။
တချို့က စိတ်မချမ်းမသာဖြစ်ရအောင် ခဏခဏလုပ်တယ်။ အဲဒီအခါကျ
တစ်လှမ်းပြီးတစ်လှမ်း ခွာရင်းခွာရင်း
မြင်ကွင်းထဲကနေပျောက်သွားရော..။
ဘဝထဲနီးနီးနားနားရှိနေပါရက်..
မမြင်ရတော့လောက်အောင် ဝေးသွားတဲ့လူတွေသိပ်ရှိတာပေါ့
သာကြောင်းလည်းမသိချင်၊ မာကြောင်းလည်းမကြားချင်တော့တဲ့လူတွေပေါ့..။
မြင်ကွင်းထဲ တဖြည်းဖြည်းကြည်လင်ပြတ်သားလာတဲ့လူတွေကိုပဲ
ပိုဂရုစိုက်ဖြစ်တော့တယ်.. ။
—
#ပက်ထရစ်
#cttorepost