ဂါနာချို ဒူးဒဏ်ရာကြောင့် အာဂျင်တီးနားလူစာရင်းမှ နုတ်ထွက်
မန်လူငယ်ကြယ်ပွင့် ဂါနာချိုဟာ ဒူးဒဏ်ရာကြောင့် အာဂျင်တီးနားအသင်းလူစာရင်းကနေ နုတ် ထွက် သွားပါတယ်။
အာဂျင်တီးနားအသင်းဟာ အခုတပတ်နိုင်ငံတကာရက်သတ္တပတ်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ဗင်နီဇွဲလား၊ ဘိုလီးဗီးယားအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
အာဂျင်တီးနားနည်းပြ စကယ်လိုနီဟာ ဂါနာချိုရဲ့နေရာမှာ လက်စတာအသင်းနဲ့ ခြေစွမ်းပြနေတဲ့ ဘိုနာနော့တေကို အစားထိုးခေါ်ယူခဲ့ပါတယ်။
ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့်တနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက ကိုလံဘီယာကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။
ဂါနာချိုဟာ အာဂျင်တီးနားအတွက် ၇ ပွဲကစားခဲ့ပြီး ဖြစ်ပါတယ်။
DVB