နေပြည်တော်တွင် အမျိုးသမီးကြီးတစ်ဦး အသတ်ခံရ
-------------------------
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင် အိမ်ရာမှာ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက နေအိမ် တိုက်ခန်းတစ်ခုမှာ တစ်ဦးတည်း နေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ယောက် ထိုးသွင်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ပေးဆပ်သူများ နာမှုကူညီရေးအသင်း (နေပြည် တော်)ကနေ သိရပါတယ်၊၊ အသတ်ခံရတဲ့ အမျိုးသမီးဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဇာတိဖြစ်ပြီး တိုက်ခန်း အရောင်း အဝယ် လုပ်ကိုင်သူတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးကို သက်ဆိုင်ရာက လာရောက် စစ်ဆေးခဲ့ရာမှာတော့ ရင်ညွန့်၊ လက်ယာဘက်နံကြား၊ လက်ဝဲဘက် နံကြားတွေမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံး နေတာဖြစ်ပြီး နေအိမ်တိုက်ခန်းအတွင်း ရွှေ၊ ငွေ ပစ္စည်းတွေကို ရှာဖွေထားတဲ့ အနေအထားတွေ့ရတယ်လို့လည်း သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ လူသတ်မှု ကျူးလွန်သူကို ဖမ်းမိရေး သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။