ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကို တက်မဲ့ ညီလေးတို့ ညီမလေးတို့ အနေနဲ့ ဘာတွေလိုအပ်မယ်ဆိုတာကို Studying Abroad by Mratt Thurein page က sharing လုပ်ပေးချင်ပါတယ်🫶🏻
https://www.facebook.com/reinpizza?mibextid=ZbWKwL
ခေါင်းစဥ်တွေ ခွဲမရေးပဲ လိုအပ်တာတွေပဲ တစ်ချက်ချင်းရေးပေးသွားပါမယ်ရှင့်
✨ ပထမဆုံးအနေနဲ့ ကိုယ်က ဘယ် Major ကိုစိတ်ဝင်စားလဲဆိုတာ သိဖို့လိုအပ်ပါတယ်။
✨ ကိုယ်စိတ်ဝင်စားတဲ့ Major က ဘယ်ကျောင်း အကောင်းဆုံးဖြစ်မလဲဆိုတာ လေ့လာကြည့်ရပါမယ်
✨ ကိုယ်ရွေးချယ်ထားတဲ့ Major အတွက် ဘယ်ကျောင်းတက်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေရင် အခမဲ့ တိုင်ပင်ဆွေးနွေးလို့ရမဲ့ students recruitment agency တွေအများကြီးရှိပါတယ် သေချာတိုင်ပင်ဆွေးနွေးလို့ရပါတယ်။
✨ ကိုယ်ရွေးချယ်တဲ့ကျောင်းပေါ် မူတည်ပြီး requirement တွေသေချာပြင်ဆင်ထားဖို့လိုပါတယ်။
✨ တစ်ကျောင်းနဲ့ တစ်ကျောင်း requirement တွေမတူညီနိုင်တာမို့ ကျောင်းတွေရဲ့ official website ကနေ လေ့လာနိုင်သလို agency တွေဆီကနေ စုံစမ်းနိုင်ပါတယ်။
✨ အရေးကြီးဆုံးတစ်ချက်ကတော့ english proficiency အတွက် လိုအပ်တဲ့ အမှတ်တွေကို ရရှိအောင် ဆောင်ရွက်ထားရပါမယ်။
✨ ကျောင်းလျှောက်ပြီးလို့ ကျောင်းဘက်က visa letter ရတာနဲ့ ကြိုတင်ပြီး သံရုံးappointment တင်ထားဖို့လိုအပ်ပါတယ်။
✨ သံရုံးမဝင်ခင် မှာ ပြင်ဆင်ရမဲ့ စာရွက်စာတမ်းတွေကို သံရုံးမဝင်ခင် ရက်အနည်းငယ်အလိုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်နော်
✨ Air ticket ကိုလဲ သံရုံးမဝင်ခင်ကတည်းက ကြိုတင်ပြီးဝယ်ယူထားဖို့လိုပါမယ်
✨ မိမိနေမဲ့ condo or apartment နေရာကို ကြိုတင်ပြီး ငှါးရမ်းထားရပါမယ်
✨ ED visa အတွက်ကတော့ USD 80 သံရုံးမှာပေးသွင်းရပါမယ် အဲ့တာအပြင် သံရုံးဝင်တဲ့နေ့မှာ ၂၅ သိန်းခန့်ရှိတဲ့ bank statement / Air ticket / Visa Apply form တွေကို စနစ်တကျပြင်ဆင်သွားဖို့အရေးကြီးပါတယ်
✨ အိမ်ကနေ စပြီးထွက်လာရတာမို့ အရာရာတိုင်း အသစ်ကနေပြန်စရမှာပါ ဒါကြောင့်မို့ ရောက်ရောက်ခြင်း လမှာ ထင်ထားတာထက် အသုံးစရိတ်ပိုများနိုင်ပါတယ် နောက်ပိုင်းလတွေမှာ ကိုခြွေတာရင် ခြွေတာနိုင်သလောက် ၁လကို ဘတ် ၁၀၀၀၀ ပတ်ချာလည်နဲ့ လောက်ပါတယ်
✨ စျေးသက်သာတဲ့ apartment တွေကိုလဲ သေချာရွေးတက်ဖို့လိုအပ်ပါမယ်။
အကြမ်းဖျင်းအားဖြင့် ဒီလောက်ပါပဲခင်ဗျာ။
Studying Abroad by Mratt Thurein page ကနေ လျှောက်ထားလို့ရနိုင်မယ့် ကျောင်းတွေကတော့
Dhurakij Punit University
University Of the Thai Chamber of Commerce
Kasem Bundit University
Rangsit University
Assumption University
Raffel University
AIHM စတဲ့ ကျောင်းတွေကို အခမဲ့ တိုင်ပင်ဆွေးနွေးပေးပြီး all in one service ဖြင့် အခမဲ့ကျောင်းအပ်ခိုင်းလို့ရပါတယ်နော်🩵
Free service တွေကတော့
ကျောင်းရွေးပေးတာ/Money exchange/အခန်းရှာပေးတာ/embassy appointment/air port pick-up တို့ပဲဖြစ်ပါတယ်🫶🏻
#studyinthailand
#study_abroad_by_mratt_thurein
JB Gold
Delete Comment
Are you sure that you want to delete this comment ?