အမဲစက်များပြီး ချွေးပေါက်ကျယ် အသားညစ်နေတဲ့ Oily, Combination skin တွေဖို့ Skincare Routine🤗
[My Updated Nighttime Skincare Routine]
ဟိုတလောက Morning skincare routine ကို Nyi Vd လေးနဲ့လိမ်းပြခဲ့ပြီဆိုတော့ ဒီတခေါက် Night routine ကိုပြောမယ်နော်။ ပြန်ပြောပြရရင် Nyi ရဲ့အသားအရေက Combination dehydrated skin အမျိုးအစားပါ။ Dehydration ဖြစ်တာကြောင့် အသားအရေက မွဲခြောက်လွယ်တယ်၊ အမဲစက်ဖြစ်ရင်လဲ တော်ရုံနဲ့မပျောက်ပါဘူး။ နောက်ပြီး ဝက်ခြံအဆီဖုကလဲ အမြဲလိုလိုထွက်တဲ့ထဲပါလို့ skincare ရွေးတဲ့အခါ အရမ်းဂရုစိုက်ရပါတယ်။ ဒီ routine လေးကတော့ Nyi သုံးဖြစ်နေတဲ့ skincare တွေထဲကမှ အသင့်တော်ဆုံးဖြစ်မယ့်တခုကို ရွေးထုတ်ပေးထားတယ်လို့ ဆိုရမှာပါ။ Nyi ရဲ့ skin type, skin concern တူတဲ့သူတွေ လိုက်သုံးနိုင်အောင်လို့ပေါ့နော်။
1. HATOMUGI The Cleansing Oil🌹
At the moment မှာ အဝယ်သင့်ဆုံးဖြစ်နေတဲ့ cleansing oil ပါ။ လူအဝယ်လိုက်လာပြီး စျေးတွေတက်ကုန်တာတော့ စိတ်မကောင်းစွာနဲ့ မြင်နေရတယ်ပေါ့နော်။ ဒါပေမဲ့လဲ တန်နေတုံးပါပဲ။ သုံးရတဲ့ခံစားချက်မှာ အကောင်းဆုံးမဟုတ်ပေမဲ့ သူ့စျေးလေးနဲ့ သုံးရတာအရမ်းအဆင်ပြေတယ်။ အားနည်းချက်ကြီးကြီးမားမား ထောက်ပြစရာမရှိဘူး၊ breakouts မဖြစ်စေဘူး၊ သူ့အလုပ်သူကောင်းကောင်းလုပ်နိုင်တယ်။ ဆိုတော့ ကိုယ်က budget ချွေတာချင်ပြီး ချွေတာလိုက်လို့ အသားအရေပေါ်မှာလဲ ပြောင်းလဲမှုမဖြစ်ချင်ဘူးဆိုရင် သူ့ကိုရွေးပါ။ All skin types သုံးနိုင်ပါတယ်။ တဗူးထဲကို မကုန်မချင်း အီစောင့်နေအောင်သုံးရမယ့် ပြဿနာတော့ရှိမယ်နော်။
2. ARIUL Apple Cider pH Balancing Cleansing Foam🌹
Combination, Normal skin တွေဝယ်လို့မမှားမယ့်ထဲ သူပါတယ်။ စစသုံးတဲ့အခါမှာကို အနံ့လေးကြိုက်လိုက်တာ၊ သုံးပြီးသွားရင် ခံစားချက်ကဘယ်လိုလေးဆိုပြီး ကြွေကုန်မှာ မြင်ယောင်ပါတယ်။ ဘာလို့လဲဆို ကိုယ်တွေ့ကိုး။ အမြုပ်ထွက်အားကောင်းပြီး တချိန်တည်းမှာ အစိုဓာတ်သေချာကျန်လို့ အဓိက Nyi ညွှန်းဖြစ်ပါတယ်။ မျက်နှာသစ်တဗူးတည်းနဲ့ မနက်ညသုံးလို့လဲ အဆင်ပြေတယ်။ Korea မှာ awards တွေသိမ်းထားတဲ့ cleanser မလို့ Nyi ရဲ့ blog readers တွေကို တခါလောက်တော့ သုံးကြည့်စေချင်ပါတယ်။ Acne prone skin, Barrier compromised skin တွေလဲ သုံးလို့ရတယ်နော်။ သူ့စျေးတန်းမှာ အတော်လေးရွေးချယ်လို့ကောင်းတဲ့ cleanser တခုပါဗျ။
3. ViHo Bio-Ferment Conditioning Treatment Intensive Essence🌹
ဝက်ခြံအဆီဖုရှိနေချိန်မှာ အမဲစက်နဲ့အသားညစ်ကြမ်းတာတွေ သက်သာဖို့ သုံးချင်တယ်၊ safe ဖြစ်တာလေးဆို ဒီတခုကို Nyi ညွှန်းပါတယ်။ ဒီ ViHo treatment essence က ingredients တွေ clean ဖြစ်ရုံမက formula ကလဲ gentle ဖြစ်လို့ ဝက်ခြံအဆီဖုရှိနေလဲ သုံးလို့အဆင်ပြေတယ်။ Steroid ထိထားသလို ဝက်ခြံတွေအရမ်းရောင်ကိုင်းပြီး များနေရင်တော့ မသုံးသေးနဲ့အုံးပေါ့နော်။ သူ့မှာက ferment နဲ့ niacinamide တို့အဓိကပါဝင်လို့ အသားအရေကိုနူးညံ့ပြီး barrier ကောင်းမွန်စေတယ်။ အသားညစ်တာတွေ အမဲစက်တွေကိုလဲ တဖြည်းဖြည်းနဲ့ လျော့ပါးသက်သာစေပါတယ်။ ဒါ့အပြင် ချွေးပေါက်ကျယ်တာအတွက်လဲ ဒီ essence ကကောင်းတယ်နော်။
4. PURITO SEOUL Wonder Releaf Centella Serum🌹
Calming effect ပေးတဲ့နေရာမှာ No.1 serum လို့ပြောပါရစေ။ ရောင်ရမ်းဝက်ခြံအတွက် serum တခုပဲရွေးပါဆို Nyi ဒါကိုညွှန်းပါတယ်။ သူ့မှာက Cica အပြင် Niacinamide နဲ့ Peptides တွေလဲပါတာမလို့ All in one serum လို့တောင် တချို့ကတင်စားကြတယ်။ Nyi တော့ သူ့ရဲ့ gel texture လေးကို အရမ်းသဘောကျတာပဲ။ ဘယ်လောက်လိမ်းလိမ်း weightless ဖြစ်နေတာကိုက သူ့ရဲ့အားသာချက်ဖြစ်ပြီး hydration လဲကောင်းကောင်းပေးနိုင်ပါတယ်။ ဝက်ခြံတွေကို အမြန်ဆုံး calming ဖြစ်စေပြီး skin barrier ကိုလဲ အချိန်တိုအတွင်း ပြုပြင်နိုင်တာကြောင့် Nyi ကတော့ ဝက်ခြံအတွက်ရော skin barrier အတွက်ပါ တတ်နိုင်တယ်ဆိုရင် သူ့ကိုညွှန်းပါတယ်နော်။
5. S.NATURE Aqua Squalane Moisturizing Cream🌹
Korea မှာ DrG cream ပြီးရင် ဒုတိယနာမည်အကြီးဆုံး moisturizer တခု။ ကိုရီးယားတွေရဲ့အကောင်းကြိုက်မှု၊ beauty standard ဘယ်လောက်မြင့်လဲဆိုတာ ဒီ cream ကိုသုံးကြည့်ရုံနဲ့ သိလိမ့်မယ်လို့ Nyi ထင်တယ်။ Texture ကအရမ်းကို luxury ဆန်ပြီး ပေါ့ပါးနေတာပါပဲ။ Squalane 15% ပါတယ်ဆိုတာကို မမြင်မချင်း ခန့်မှန်းမိမှာမဟုတ်ဘူး။ Gel cream texture လေးမှာ emollient အနည်းငယ်ဖြစ်မှုကိုတော့ တွေ့ရပါတယ်။ လိမ်းလိုက်ရင် စက္ကန့်ပိုင်းအတွင်းမှာ seamlessly စိမ့်ဝင်သွားတယ်။ မျက်နှာကလဲ စိုအိတင်းပြီး ကျန်ခဲ့တယ်ပေါ့နော်။ အင်မတန်ကောင်းတဲ့ moisturizer တခုပါ။ Full review ဖတ်ချင်ရင် comment မှာပြောခဲ့ပေးပါဗျ။
ဒီနေ့တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေနော်။ နောက်ရက်မှာ အသစ်အသစ်သော contents တွေနဲ့ ပြန်ဆုံပါမယ်ခင်ဗျ💙🫶
#nighttimeskincareroutine
#reviewbynyi
#crd