ပုဇွန်ပေါင်းလုပ်နည်းနှင့် အချဉ်ရည်ဖျော်နည်း
လုပ်နည်းကလွယ်လွယ်လေးရယ်
စျေးမှဝယ်လာတဲ့ပုဇွန်လေးတွေကို အမွှေးညှပ်
အီးထုတ်ပီး ရေစင်အောင်ဆေးမယ်
ခေါင်းမဖြုတ်ဘူးအခွံတွေမခွါဘူးနော်
ဒီတိုင်းရေစင်အောင်ဆေးပီး

ရေနွေးငွေ့ဖြင့်အချိန် 15min
လောက်ပေါင်းပါမယ် ပေါင်းပီးရင်
အရောင်လေးကပုံပါအတိုင်း
စားချင်စရာလေးပေါ့နော်
ညှီနံ့သက်သာချင်ရင် ပေါင်းတဲ့အခါ
ဆပါလင် ထည့်ပေါင်းလည်းရတယ်

အင်မတန်အရသာရှိပြီးစားလို့ကောင်းတဲ့
အချဉ်ရည်ဖျော်စပ်နည်းလေးပါ

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ/ငရုတ်သီးစိမ်းနုတ်နုတ်စင်း

Master ပဲငံပြာရည်အပျစ်/ဆား/ဟင်းချိုမှုန့်

သံပုရာသီး ၊ ရေသန့်အနည်းငယ်။

ပြုလုပ်နည်း

ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စင်းပြီး
ပဲငံပြာရည်များများနဲ့ဆား/ဟင်းချိုမှုန့်ထည့်ကာ
နှံ့စပ်သွားအောင်မွှေပေးပါ။
ပဲငံပြာရည်မှာအချို/ငံအရသာရှိပြီးထားမို့
ဆားနဲ့ဟင်းချိုမှုန့်ကိုလျှော့ထည့်ပါ။

ရေသန့်အနည်းငယ်/သံပုရာသီးညှစ်ထည့်ကာ
ခပ်ပျစ်ပျစ်ပဲဖျော်ပါ။ကျဲရင်စားမကောင်းပါ။

သံပုရာသီးကိုချဉ်တယ်ဆိုရုံ
အနံ့လောက်ပဲထည့်ပါ။

အရမ်းချဉ်သွားရင်စားမကောင်းပါ။

image