“G-20 ထိပ်သီးဆွေးနွေးပွဲ တက်-မတက်နဲ့ပတ်သက်လို့ သမ္မတ ပူတင် က ဆုံးဖြတ်ချက်မချသေးပါဘူး" -ဒီမီထရီ ပက်စကောဗ်
၄/အောက်တိုဘာ/၂၀၂၄
“နိုဝင်ဘာလထဲမှာ ဘရာဇီးလ်နိုင်ငံမှာကျင်းပမယ့် G-20 ထိပ်သီးဆွေးနွေးပွဲကို တက်မယ် မတက်ဘူးဆိုတာကို သမ္မတ ပူတင် အနေနဲ့ ဆုံးဖြတ်ချက် မချသေးပါဘူး။ ဆွေးနွေးပွဲတက်ဖြစ်ရင် အမေရိကန် သမ္မတ ဂျိူး ဘိုင်ဒန်နဲ့ တွေ့မယ် မတွေ့ဘူးဆိုတာလည်း ဆွေးနွေးစဥ်းစားထားတာမရှိသေးပါဘူး။ ဒါပေမဲ့ သမ္မတ ပူတင်ဘက်ကတော့ ဆက်သွယ်ရေးလမ်းကြောင်းတွေ အမြဲဖွင့်ထားတယ်ဆိုတာ အကြိမ်ကြိမ်ပြောထားပြီးသားပါ”
(G-20 ထိပ်သီးဆွေးနွေးပွဲကို သမ္မတ ပူတင် တက်ရောက်ဖို့ အစီအစဥ်ရှိ မရှိ မေးခွန်းအပေါ် ပြောခွင့်ရ ဒီမီထရီ ပက်စကောဗ် ဖြေကြားချက်)