11 w - Translate

မန်ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြတန်ဟက် လက်ထက်မှာ စံချိန်/မှတ်တမ်းဆိုးတွေ တစ်ခုပြီးတစ်ခုပိုင်ဆိုင်ထားရာမှာ အခုနောက်ထပ်မှတ်တမ်းဆိုးတစ်ခုကို ထပ်မံရရှိခဲ့ပါတယ်။

ဒါကတော့ မန်ယူနိုက်တက်အသင်းကို တန်ဟတ်စတင်ကိုင်တွယ်ချိန်ကစပြီး အခုအချိန်အထိ ပြိုင်ဘက်အသင်းတွေကို ပေးဂိုး(၃)ဂိုးနဲ့အထက် ဂိုးပေးရတဲ့ပွဲအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့တာပါ။

>>>>>>

မနေ့က ယူရိုပါလိဂ်အုပ်စုပွဲစဉ် ပေါ်တို(၃-၃)မန်ယူနိုက်တက်ပွဲမှာ ပေါ်တိုအသင်းကို ပေးဂိုး(၃)ဂိုးပေးခဲ့ရပြီးနောက် ပြိုင်ပွဲစုံမှာ မန်ယူနိုက်တက်အသင်း ပေးဂိုး(၃)ဂိုးနဲ့အထက် ပေးရတာ (၂၄)ပွဲအထိ ရှိလာပါတယ်။

၂၀၂၂-၂၃ ရာသီမှာ မန်ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ တန်ဟတ်လက်ထက်မှာ အခြားဘယ်ပရီးမီးယားလိဂ်အသင်းမှ ဒီလောက် (ပေးဂိုး ၃ ဂိုးနဲ့အထက်) ပွဲမများခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်၊ စပါးအသင်းတို့ကို အိမ်ကွင်းမှာ ပေးဂိုး(၃)ဂိုးပေးကာ (ဝ-၃)ဂိုးရလဒ်တွေနဲ့ ရှုံးခဲ့ရပြီး အခု ယူရိုပါလိဂ်မှာ ပေါ်တိုကို (၃)ဂိုးပေးကာ ခက်ခက်ခဲခဲ သရေကျခဲ့တာပါ။

ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့က ဦးဆောင်ဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ပေါ်တိုအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုဗတွသွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှ နောက်ခံလူမက်ဂွဲယားက ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး(၅)ဂိုးပဲရှိပြီး ပေးဂိုးက (၈)ဂိုးအထိရှိနေလို့ ဂိုးကွာခြားချက်အနုတ်လက္ခဏာ(- ၃ ဂိုး)ထွက်နေတဲ့အသင်းဖြစ်ပါတယ်။

image