တရုတ်ကုမ္ပဏီက တီထွင်မိတ်ဆက်လာတဲ့ စမတ်မျက်မှန်
နာမည်ကြီးရေဘင်မျက်မှန်နဲ့ ဖေ့ဘုတ်ကုမ္ပဏီမစ်တာတို့က စမတ်မျက်မှန်ထုတ်ဖို့ကြေငြာလာတုန်း တရုတ်ရဲ့ Even Realities က G1 အမည်ရ smart glasses ကို မိတ်ဆက်လာပါတယ်။ ဒီမျက်မှန်ထဲမှာ အထူးမှန်သားတလွှာထည့်ထားကာ ပရိုဂျက်တာအသေးစားလေးနဲ့ အရုပ်ထိုးကာ တင်ဆက်နိုင်ပါတယ်။
ဖေ့ဘုတ်နဲ့ရေဘင်ကထုတ်မယ့် မျက်မှန်က စပီကာနဲ့ အလုပ်လုပ်တာကြောင့် တရုတ်မျက်မှန်က နှာတဖျားသာနေပါတယ်။ G1 မျက်မှန်ကို ဒေါ်လာ ၆၀၀ စျေးသတ်မှတ်ပေးထားပါတယ်။ နောက်ဆို စမတ်မျက်မှန်နဲ့ လူတွေကို စကမ်ဖတ်လိုက်ရင် မိမွေးတိုင်း ဖမွေးတိုင်း မြင်နေရရင် ဒိုးခပါဗျာ။ 😩