ဗီယက်နမ်ငါးဖမ်းလှေပေါ်တက်ကာ သံတုတ်နဲ့ တရုတ်ကမ်းခြေစောင့်တပ်သားတွေ ရိုက်နှက်မှုဖြစ်ပွါး
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဖြစ်တဲ့ ဒီကိစ္စကို ဗီယက်နမ်ဖက်က အတော်အခဲမကြေဖြစ်ကာ တရုတ်အစိုးရအား ကိုယ့်လူတွေကိုယ် ယဉ်ကျေးအောင်ထိန်းသိမ်းဖို့ သောဒကတက်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ငါးခိုးဖမ်းသူတွေကို စစ်ဆေးအရေးယူနေချိန် တရုတ်တာဝန်ရှိသူတွေက ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တာ ဥပဒေအတိုင်းပဲလို့ ချေပခဲ့ပါတယ်။
အခင်းဖြစ်ပွါးရာနေရာဟာ ဗီယက်နမ်ထိန်းချုပ်ကျွန်းစုတွေတဝိုက်မှာ ဖြစ်ပျက်ခဲ့တာမို့ တရုတ်လူရမ်းကားတွေရဲ့ သံတုတ်နဲ့ဝင်ရိုက်မှုအပေါ် မကျေနပ်ကြပါဘူး။ အဆိုပါရိုက်နှက်မှုကြောင့် ဗီယက်နမ်ရေလုပ်သား ၄ ယောက် ဒဏ်ရားခဲ့ကာ ဆေးရုံတင်လိုက်ရပါတယ်။ ပုံမှာ ဗီယက်နမ်ရေလုပ်သားတွေ ငါးဖမ်းပိုက်ဆွဲတင်နေကြတာပါ။ တောင်တရုတ်ပင်လယ်အရေးမှာ ဗီယက်နမ်ဟာ သိသိသာသာ ငြိမ်ချက်သားကောင်းနေရာက အခုတော့ သူ့ပေါင်ပေါ်ကျလို့ အိပ်ယာက လန့်နိုးခဲ့ရချေပြီတကား။ 😎