11 w - Translate

ဒေါနတောင်လမ်းဟောင်းတွင် ၁၀ ဘီးကား ချောက်ထဲထိုးကျပြီး ယာဉ်မောင်းသေဆုံး
---------------------------
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း ချောက်ကမ်းပါးနဲ့ အလယ် ဗိုလ်တဲကြားမှာ အောက်တိုဘာ ၂ ရက်၊ ည ၉ နာရီကျော်လောက်က (၁၀)ဘီးကားတစ်စီး ချောက်ထဲပြုတ်ကျပြီး ယာဉ်မောင်း အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်လို့ အလင်းသစ် Rescue Myawaddy ကနေ သိရပါတယ်။

၁၀ ဘီးယာဉ်ဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို တက်လာတဲ့ ကုန်မပါတဲ့ ယာဉ်ဖြစ်ပြီး အခင်းဖြစ်နေရာ အရောက်မှာ လမ်းဘေးယာဘက် ချောက်ထဲကို ထိုးကျသွားကာ ပေ ၁၀၀ လောက်မှာ ရပ်တန့်ခဲ့တာလို့ ဆိုပါ တယ်။ ယာဥ်မောင်းအမျိုးသားဟာ (၁၀)ဘီးကားနဲ့ ပိနေပြီး အခင်းဖြစ်ပွားရာနေရာမှာတင်သေဆုံးခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။

ချောက်ထဲပြုတ်ကျတဲ့ ၁၀ ဘီးကားကို ဆွဲမပြီးမှသာ သေဆုံးယာဉ်မောင်း ရုပ်အလောင်းကို ထုတ်ယူရမှာဖြစ်တယ် လို့လည်း အလင်းသစ် Rescue Myawaddy တာဝန်ခံ ဦးအောင်ဇော်ဦး ကပြောပါတယ်။ လက်ရှိမှာတော့ (၁၀) ဘီးကား ပိုင်ရှင်၊ သေဆုံးသူ ယာဥ်မောင်းရဲ့ မိသားစုနဲ့ အောက်တိုဘာ(၃)ရက် နေ့လယ်ပိုင်းမှာ အဆက်အသွယ် ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။

image