1 d - Translate

ဘေရွတ်မြို့လယ်ခေါင်ကို အစ္စရေး ပထမဆုံးအကြိမ် အဆင့်မြင့်ဗုံးကျဲတိုက်ခိုက်လာ

မြေပြင်ထိုးစစ်ဆင်ပြီး အစ္စရေးစစ်သား ၈ ယောက် လက်ဘနွန်မြေပေါ်မှာ ကျဆုံးခဲ့ရတာကို မကျေနပ်လို့လို့ ဆိုပါတယ်။ ဒီဗုံးဟာ လက်ဘနွန်လွှတ်တော်နားအထိ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ မြေပြင်ကနေဝင်လာတဲ့ အစ္စရေးစစ်သားတွေကို ဟစ်ဘိုလာစစ်သားတွေက ခုခံတိုက်ခိုက်ရာကနေ အစ္စရေးစစ်တပ်ဟာ ၁ နှစ်အတွင်း အကျအဆုံး များတဲ့နေ့ ဖြစ်ခဲ့ရပါတယ်။

လေကြောင်းကဗုံးကျဲသလို မြေပြင်ထိုးစစ်မှာတော့ အစ္စရေးစစ်တပ်ဟာ အသာစီးမရနိုင်ပါဘူး။ ဝင်လာတဲ့နေ့မှာပဲ အစ္စရေးတင့်ကား ၃ စီးကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ဟစ်ဘိုလာဖက်က ဆိုပါတယ်။ အစ္စရေးကို တနေ့က ဒုံးကျည်မိုးရွာတာဟာ ထပ်တိုးမတိုက်ခိုက်ဖို့ သတိပေးတားမြစ်ခဲ့တာလို့ အီရန်ဖကိက ဆိုပါတယ်။ အစ္စရေးအနေနဲ့ လက်တုန့်ပြန်တိုက်ခိုက်ရာမှာ အီရန်ရဲ့နူကလီးယားစက်ရုံနေရာတွေ ရှောင်ဖို့ ဘိုင်ဒင်က သတိပေးထားပါတယ်။

G7 ခေါင်းဆောင်တွေအကြား အရေးပေါ်အစည်းအဝေးခေါ်ကာ အာရပ်စစ်ပွဲဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိစေဘူး၊ သံတမန်နည်းလမ်းသုံးရပ်ရေးကို သဘောတူခဲ့ကြပါတယ်။ အီရန်က အစ္စရေးကိုတိုက်ခိုက်အပြီး ကမ္ဘာ့ရေနံစျေးနှုန်းဟာ ၅% ထိုးတက်ခဲ့ရပါတယ်။ မနေ့က အရေးပေါ်လုပ်တဲ့ အစ္စရေး-အီရန်အရေး ကုလသမဂ္ဂလုံခြုံရေးအစည်းအဝေးမှာ ဘာတွေသဘောတူခဲ့ကြသလဲဆိုတာကတော့ ထွက်မလာသေးပါဘူး။ 😪

image