2 d - Translate

အောင်မြင်သူဆိုတာ

တစ်နေ့တွင် အောင်မြင်နေသော အမျိုးသမီးကြီးတစ်ဦးကို အဘယ်ကြောင့် ဤမျှအောင်မြင်ရသနည်းဟု အင်တာဗျူးတစ်ခုတွင် မေးကြည့်သည်။ သူက ပြုံးလိုက်ပြီး

ငါဘယ်တုန်းက စပြီးတော့ အောင်မြင်လာသလဲဆိုတော့ အရေးမပါတဲ့သူတွေ၊ ကလေးကလားနဲ့ အသေးအမွှား တွေကို အလေးမထားတော့တဲ့ အချိန်ကပဲ။

ငါ့အကြောင်းကို အတင်းအဖျင်းပြောတဲ့သူတွေကိုလည်း မတိုက်ခိုက်တော့ဘူး

ငါ့ မောင်နှမ ငါ့ယောက္ခတွေနဲ့လည်း မတိုက်ခိုက်တော့ဘူး

ငါ့ကို သတိပေးတာတွေကိုလည်း မတိုက်ခိုက်တော့ဘူး

ငါ့ကို သူများတွေ ဘယ်လိုထင်သည်ဖြစ်စေ မတိုက်ခိုက်တော့ဘူး

ငတုံးတွေနဲ့အတူတူ အခွင့်အရေးအတွက် မတိုက်ခိုက်တော့ဘူး

မတိုက်ခိုက်သင့်တာတွေကို လိုက်ပြီး မတိုက်ခိုက်တော့ဘူး

ငါဘာကို တိုက်ခိုက်သလဲ သိလား

ငါ့အမြင်

ငါ့အိပ်မက်

ငါ့စိတ်ကူး

ငါ့ဘဝ အတွက် တိုက်ခိုက်တယ်။

အသေးအမွှားတွေကို အလေးမထားတော့တဲ့ အချိန်ကစပြီးတော့ ငါ့အောင်မြင်မှုတွေ စတင်ခဲ့တယ်။

အချို့သောတိုက်ခိုက်မှုတွေဟာ အချိန်ကုန်တယ် ... အကျိုးမရှိဘူး။

ငါ ဘာကို တိုက်ခိုက်သင့်တယ်ဆိုတာ ဉာဏ်ပညာနဲ့ မရွေးနိုင်သရွေ့ ဘယ်တော့မှ မအောင်မြင်ဘူး။

image