Frankie shared a post  
2 d

2 d

"မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ရေလှုခြင်းအကျိုး ဆယ်ပါး"

ဓမ္မဒါန အမည်နာမနှင့် page ဖွင့်လှစ်ပြီးနောက် ဒါနအလှူပေါင်းများစွာရှိနေသည့်အနက်မှ စာရေးသူသည် တစ်ခုသော ရေလှုအကျိုးကို တွေးမြင်မိရပါတယ်။
သို့တည်းကြောင့် ရေလှုရခြင်းရဲ့ အကျိုးတရားတွေကို စာဖတ်သူတို့ နှလုံးသွင်းနိုင်ဖို့ရာရည်ရွယ်ဖော်ပြပေးလိုက်ရကြောင်းပါ။

"ရေလှုရခြင်းမှ ရရှိတဲ့ အကျိုးတရား(၁၀) ပါး”

(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀)ဉာဏ်ပညာ ကြီးမားခြင်း။

ရေအလှုဒါနရဲ့ အကျိုးကျေးဇူးကြီးမားပုံကို မြတ်စွာဘုရားရှင် ဟောကြားခဲ့ပြီး နှောင်းခေတ်လူကြီးများက ကဗျာသာရကများနဲ့ မှတ်သားလွယ်အောင် ဆက်စပ်ရေးသားခဲ့ကြတာကိုလဲ မြင်တွေ့ရပါတယ်။

"လျင်မြန် သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့်၊ လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊ ဒီယံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊ သုခ ခွန်အား၊ ပညာများ၊ ဆယ်ပါး ရေအကျိုး။"

မွန်မြတ်လှတဲ့ ရေကုသိုလ်ကို မျှော်မှန်းနိုင်ပြီး
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်များကိုလဲ သိရှိနားလည် နှလုံးသွင်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်များဖြစ်ကြကာ နိဗ္ဗာန်မင်္ဂဖိုလ်ကို အရောက်လှမ်းနိုင်ကြပါစေကြောင်း ...

#ဓမ္မဒါန
#frankiestories

image