1 d - Translate

ချန်ပီယံလိဂ်ပွဲတွင် လက်ရှိချန်ပီယံ ရီးရဲလ်နှင့် နာမည်ကြီးဘိုင်ယန်တို့ ရူံးပွဲတွေ့

ဒီကနေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ နာမည်ကြီးဘိုင်ယန်မြူးနစ်တို့ ရှုံးပွဲကိုယ်စီတွေ့ခဲ့ကြပါတယ်။

ရီးရဲလ်အသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းကို ဂျိုနသန်ဒေးဗစ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ ၁ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာရှုံးပွဲတွေ့ခဲ့ရတာပါ။

အလားတူ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ပရီးမီးယားလိဂ်ကလပ် အက်စတန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အခုနှစ်စတင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ပြန်လည်ရရှိခဲ့တဲ့ ဗီလာအသင်းအတွက် အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူး ဒူရန်ကပဲ သွင်းယူခဲ့တာပါ။

တခြားပွဲစဉ်တွေမှာ အက်သလက်တီကို အသင်းကလည်း ဘင်ဖီကာ ကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွား ပြီး လီဗာပူးက ဘိုလော့ဂ်ညာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်က လိုက်ပ်ဇစ်ကို ၃ ဂိုး ၂ ဂိုး၊ အက်တလန်တာက ရှက်တာဒိုးညက်ဇ်ကို ၃ ဂိုး ဂိုးမရှိ၊ ကလပ်ဘရုဂျက်က စတမ်းဂရတ်ဇ်ကို ၁ဂိုး ဂိုးမရှိရလဒ်တွေနဲ့ အနိုင်ရပြီး မိုနာကိုနဲ့ ဒိုင်နမိုဇာဂရတ်တို့ပွဲမှာ တဖက်နှစ်ဂိုးစီသရေ ကျခဲ့ပါတယ်။
DVB

image