1 d - Translate

✨ မှုန်နေအောင် ညက်တဲ့ Budget Powder

မြန်မာငွေ ၅၄၀၀ ပဲပေးရတဲ့ POND’S ရဲ့ 3D Hya Korea Glow Translucent Powder တော်တော်လေးသုံးလို့ကောင်းလို့ လာပြောပြတာ။

သားဖြိုးသုံးတာတော်တော့်ကိုနောက်ကျတဲ့ အတွက် နောင်တတောင်ရမိတယ်။

သားဖြိုး သူ့ရှေ့မှာ POND’S ရဲ့ Blurring Filler Powder ကို လက်ဆောင်ရလို့ သုံးဖူးတယ်။ မကြိုက်ဘူး။
ဘာလို့လဲဆိုတော့ သူ့ ပေါင်ဒါက ထူ ပိတ်သွားပြီး အရမ်း Cakey ဖြစ်တယ်။
ဖုံပြီး ဖြူသွားတဲ့ Look က သဘာ၀ ဆန်မနေတော့ သိပ်မကြိုက်ဘူး။

ခု POND’S Korea Glow Powder ကအဲ့လိုမျိုး မဖြစ်ဘူး။
မိတ်ကပ်သားပါးပါးလေးနဲ့ အသားနဲ့ တစ်ထပ်တည်းကျသွားတယ်လို့ ခံစားရတယ်။
လိမ်းလိုက်ရင် ဖုံမသွားပဲ ..
ပါးပါးကြည်ကြည် ကြွယွနေတဲ့ 3D Glow Look ကိုရတယ်။

သူ့ထဲမှာ Shimmer လေးတွေပါပေမယ့် အရမ်းပြောင်လက်မနေတာကိုကြိုက်တယ်။
တစ်နေကုန် ပါးပါးကြည်ကြည်လေးနဲ့ Glow နေရောပဲ။

သားဖြိုး မျက်နှာအသားအရေပေါ်မှာတော့ Oxidation ဖြစ်တာမျိုး မတွေ့ရဘူး။

သူ့ Powder က Translucent Powder Type ဖြစ်ပြီး အရောင်ကအဝါဖောက်ကိုမှ သနပ်ခါးမှုန့် လေးလိုမျိုး အရောင်ဖြစ်တာမို့ အသားအရောင်မရွေးသုံးလို့ရတဲ့ အရောင်လေးပါ။

သားဖြိုး အသားအရောင်နဲ့တော့ မဲတာ ပြာတာ ညစ်သွားတာ လုံး၀ မရှိဘူး။

စျေး ၅၄၀၀ ဝန်းကျင်နဲ့ လုံး၀ သုံးပျော်တဲ့ Powder ဖြစ်တယ်။

သားဖြိုးကတော့ သူ့ကို လက်ဖဝါးထဲထည့်ပြီး Brush နဲ့ယူပြီး သုံးဖြစ်တယ်။

City Mart တွေမှာလည်း ဝယ်လို့ရသလို Online Shop တော်တော်များများမှာလည်း ဝယ်လို့ရပါတယ်။

ပေါက်ပြီးသား Product ဖြစ်တာမို့ အများကြီး ညွှန်း မနေတော့ပါဘူး။

ဒီတော့ သားဖြိုးရဲ့ Honest Review လေးကတော့ ဒီလောက်ပါပဲဗျ။

🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼

နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️

#ponds
#facialpowder
#honestreview
#treasurebytharphyoe
#crdphoto

image