တာဝန်ခံမှုတာဝန်ယူမှု ရှိတယ်ဆိုတာ ကိုယ်ယူကိုင်တဲ့ပစ္စည်းနေရာတကျ ပြန်ထားတာ။ ကိုယ်ဖွင့်ထားတဲ့တံခါး ကိုယ်ပြန်ပိတ်တာ။ ကိုယ်စတဲ့အလုပ် ကိုယ်ပြီးအောင်အဆုံးသတ်တာ။ ကိုယ်ပေးထားတဲ့ကတိကိုယ်စောင့်ထိန်းတာ၊။ ကိုယ်ပြောတဲ့စကားအတွက် ကိုယ်တာဝန်ယူတာတွေက စတာ။ တာဝန်ခံမှုတာဝန်ယူမှု မရှိရင် စီးပွါးရေး၊နိုင်ငံရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ခေါင်းဆောင်မှု ကိစ္စတွေမှာ အများရဲ့ယုံကြည်လေးစားမှု လှိုက်စားပျက်စီးသွားမှာပဲ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)