ရွှေပဲသီးကြော်
- - - - - - - - - -
ရွှေပဲသီး ၂၀ သား
ကြက်သွန်ဖြူ ၃ တက်
နှမ်း အနည်းငယ်
ဆား
ပဲငံပြာရည်အကြည်

ရွှေပဲသီးများကို သေချာစွာရေဆေး သန့်စင်ပါ။
ကြက်သွန်ဖြူ များကို နုတ်နုတ်စင်းပြီး ဆီသတ်ပါ။
အနံ့မွှေးလာပါက ရွှေပဲသီးများ ထည့်ပါ။
ပဲငံပြာရည်အကြည် နှစ်ဇွန်းခန့် ထည့်ပါ။ ဆားထည့်ပါ။
ပဲငံပြာရည် ဆူသည်အထိ မီးအေးအေးဖြင့် ကြော်ပါ။

စားသုံးခါနီးလျှင် နှမ်းစေ့လေးများဖြူးပြီး စားသုံးနိုင်ပါသည်။

image