12 w - Translate

iPhone ဝယ်ပြီး ငွေမပေးချင်တဲ့အတွက် Delivery သမားကို သတ်ဖြတ်မှု အိန္ဒိယမှာ ဖြစ်ပွား
====================================================

iPhone ၁ လုံးအတွက် လူတစ်ယောက်ရဲ့ အသက်ဆုံးရှုံးသွားရတာ မတန်ပါဘူး။ ဒါပေမယ့် ဖုန်း ၁ လုံးအတွက် လူတွေကို သတ်တဲ့ လူသတ်သမားတွေ တကယ်ရှိနေပါတယ်။

အိန္ဒိယမှာ iPhone ဝယ်ပြီး ငွေမပေးချင်တဲ့အတွက် Delivery သမားကို သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ Gajanan အမည်ရ အမျိုးသားက ဒေါ်လာ ၁,၇၈၇ တန် iPhone ကို Flipkart ကနေ အိမ်ရောက်ငွေချေစနစ်နဲ့ မှာယူခဲ့ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ Bharat အမည်ရ Delivery သမားက ဖုန်းကို သွားပို့ပေးတဲ့အခါ Gajanan နဲ့ သူငယ်ချင်း Akash က သူ့ကို သတ်ပြီး တူးမြောင်းထဲ ပစ်ချထားခဲ့ပါတယ်။

Bharat ရဲ့ မိသားစုက စက်တင်ဘာလ ၂၅ ရက်နေ့မှာ လူပျောက်တိုင်ကြားခဲ့ပါတယ်။ ရဲတွေက Bharat ရဲ့ ဖုန်း တည်နေရာကို ခြေရာခံပြီး Akash ကို စစ်ဆေးတဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပါတယ်။ ငွေမပေးဘဲ တန်ဖိုးကြီး iPhone ကို လိုချင်တဲ့အတွက် အခုလို ကြံစည်ခဲ့တာလို့ ပြောပါတယ်။ ရဲတွေက ထွက်ပြေးနေတဲ့ Gajanan ကို လိုက်လံရှာဖွေနေကြပါတယ်။

Bharat ရဲ့ အလောင်းကို လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။

image