3 d - Translate

ဖာနန်ဒက်စ်၏ အနီကတ်ပြစ်ဒဏ်ကို ပရီးမီးယားလိဂ်က ပြန်လည်ပယ်ဖျက်ပေး

မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို ပရီးမီးယားလိဂ်ဘက်က ပြန်လည် ပယ်ဖျက်ပေးသွားပါတယ်။

စပါးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဖာနန်ဒက်စ်က စပါးကစားသမား မက်ဒီဆန်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသ ထုတ်ပယ်ခဲ့တာပါ။

အဆိုပါ အနီကတ်ပြစ်ဒဏ်ကို မန်ယူအသင်းက အယူခံတင်သွင်းခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ဘက်က ပြန်လည်စစ်ဆေးပြီးနောက် ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကြောင့် မူလက မန်ယူအသင်းရဲ့ ပွဲစဉ် ၃ ပွဲလွဲချော်မဲ့ ဖာနန်ဒက်စ်ဟာ အသင်းရဲ့ ပွဲစဉ်တွေကို ပါဝင်ကစားခွင့် ပြန်လည်ရရှိလာခဲ့ပါတယ်။

မက်ဒီဆန်အပေါ် ဖျက်ထုတ်မှုဟာ အဝါကတ်သာဖြစ်သင့်ပြီး အနီကတ် လုံးဝမဖြစ်သင့်ကြောင်းလည်း စပါးနဲ့ပွဲအပြီးမှာ ဖာနန်ဒက်စ်က ဝေဖန်ခဲ့ပါသေးတယ်။

မန်ယူအသင်းဟာ စပါးနဲ့ပွဲမှာ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် အထုတ်ခံရလို့ ၁၀ ယောက်နဲ့ ကစားခဲ့ရပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
DVB

image