3 d - Translate

ပုဂံမှာ နတ်သမီးကမ်းပါးဆိုတာရှိတယ်

ပုဂံရောက်တဲ့သူ အတော်တော်များများက မြို့သစ်နဲ့ မြို့ဟောင်းကို စုံအောင်လည်ကြပေမယ့် တကူးတကသွားရတဲ့ ဧရာဝတီမြစ်ဘေးက သဲသောင်ကုန်းတွေ မြစ်ရေတိုက်စားထားတဲ့ လျှိုတွေပတ်ပတ်လည်ဝိုင်းနေတဲ့ နတ်သမီးကမ်းပါးဆိုတဲ့ နေရာလေးကိုမေ့နေကြတယ်☘️

နတ်သမီးကမ်းပါးရဲ့အပေါ်က တောင်ကုန်းလေးမှာ ကုန်းတော်ကြီးဘုရားဆိုတာရှိပြီး ပတ်ပတ်လည်မှာကြည့်လိုက်ရင် သူကအမြင့်ဆုံးပါပဲ အမြင့်ဆုံးနေရာကနေ ဧရာဝတီရဲ့အလှ၊ ပုဂံမှာမြင်နေကြမဟုတ်တဲ့ သဲသောင်ကုန်းနဲ့ လျှိုတွေရဲ့အလှ ရေတိုက်စားထားတဲ့ကမ်းပါးပဲ့ကြီးရဲ့အလှက နေဝင်ချိန်မှာ ဘာနဲ့မှမတူအောင်ကိုလှနေတာ🍀

ဝေးပြီးလူတွေအလာနည်းကြလို့လည်းမသိဘူး ညနေစောင်းလေးကို နားအေးပါးအေးနဲ့ လူတွေနဲ့ဝေးတဲ့နေရာကြီးကနေ ဟိုးခပ်ဝေးဝေးက ပုဂံကိုကြည့်ရတာကိုက ဘာနဲ့မှကိုမတူတာ။ လူတွေမလာကြဆိုရအောင်သူ့ဆီသွားတဲ့လမ်းကလည်း သီးသန့်ဖြစ်နေတာကိုး . . . ☘️

အကယ်၍များ အညာပုဂံရဲ့ အရသာလေးကို လွမ်းဆွေးဆွေးလေးလိုချင်တယ်ဆိုရင် ညနေစောင်းကို သွားကြည့်စေချင်တယ်

ပုံလေးတွေကြည့်ပြီး နတ်သမီးကမ်းပါးကို တခေါက်အတူသွားရအောင်လေ❤️

ဓာတ်ပုံ-ခရစ်ဒစ်ပေးပါတယ်
(စာရေးသားသူမူရင်းခရစ်ဒစ်ပေးပါတယ်)

image