ချစ်ရင် အလိုက်သိလာပြီး
ပိုချစ်လာရင် အလိုက်မသိတော့..ဘူး။
ဘယ်လောက်ပဲလူခင်းပါးတဲ့လူ ဖြစ်ပစေ
အရမ်းချစ်မိပြီဆိုရင်..ဘယ်တော့မှအလိုက်မသိတော့ဘူး။
ကို့အတွက် အချိန်မအားပေးတော့တဲ့လူကို
မရမက ပြန်အချိန်တွေပေးတယ်။
တဖက်က စာမပို့ချင်တော့လို့ စာအပြန်နှေးရင်
ဇွတ်အတင်း စာတသီတတန်းကြီးပို့တယ်။
တဖက်ကနားထောင်ချင်မှန်းမသိ၊မထောင်ချင်မှန်းမသိ မတွေးတောဘဲ..အရင်လိုအဆင်မပြေမှုတွေကို
မရပ်တန်းရင်ဖွင့်တယ်။
စိတ်ကုန်သွားလို့ တဖက်ကတိတ်ဆိတ်သွားတာကို
စိတ်ဆိုးနေတယ်ထင်ပြီး အတင်းတွေလိုက်ချော့။
မလိုအပ်တော့လို့ အရေးမလုပ်တော့တာကို
ကျမ်းမာရေးဂရုစိုက်ဖို့အကြောင်းတွေ၊
သတိရကြောင်းတွေ မက်စေ့တွေပို့တယ်။
ပြတ်ဖို့ပြောရမှာအားနာနေလို့ အမူရာဆက်ဆန်ပုံတွေ ပြောင်းလဲပြနေတာကို...ဖုန်းတွေဆက်တိုက်ခေါ်တယ်။
ကိုမရှိလည်းဖြစ်တဲ့လူကိုမှ
ကျနော်တို့ဟာ သူတို့မရှိရင် ကိုမဖြစ်တဲ့အကြောင်းတွေ တဖွဖွပြောမိတယ်။
ကိုနဲ့ဆက်မလျှောက်ချင်တော့လို့ သွေးအေးငြိမ်သက်နေသူကိုမှ အရမ်းချစ်နေသေးကြောင်းတွေပြောပြနေမိတယ်။
နောက်ဆုံးးး
အဲ့လိုလူ၊အဲ့လိုလူမျိုးတွေကိုမှ
အဆုံးထိရွေးချယ်ထားကြောင်း အကြိမ်ကြိမ်ထုတ်ပြောမိတယ်။
ထွက်မသွားနိုင်တဲ့ အဖြစ်၊😞😞
ပေကပ်နေမိတဲ့အဖြစ်..
အလိုက်မသိတဲ့အဖြစ်တွေပေါ့။
#ရဲသူလွင် (အင်ပင်မြို့)