3 d - Translate

💁‍♀️အပ်မှိုသုပ်လုပ်နည်း.....
ငရုတ်သီး၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူနုတ်နုတ်စင်း၊ ပဲငံပြာရည်အကျဲ၊ ခရုဆီ၊ နှမ်းဆီ၊ ဗီနီဂါ1ဇွန်းစီထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။
အပ်မှိုများကိုရေဖြင့်စင်အောင်ဆေးပြီးရေနွေးဖျောကာဆယ်လိုက်ပါ။
ဟင်းနုနွယ်များကိုလည်းရေစင်အောင်ဆေးပြီးရေနွေးဖျောပြီးဆယ်ထားလိုက်ပါ။
ဆယ်ထားသောအပ်မှိုနှင့်ဟင်းနုနွယ်များကိုရေခြောက်အောင်စစ်ပြီးလျှင်ဇလုံတစ်ခုထဲတွင်ထည့်ထားလိုက်ပါ။
ရောစပ်ထားသောဆော့စ်များကိုဇလုံထဲသို့ထည့်ကာနှံ့အောင်နယ်လိုက်ပါ။
ပြီးရင်တော့ပြီးပြည့်စုံတဲ့အပ်မှိုသုပ်လေးကိုသုံးဆောင်နိုင်ပါပြီရှင့်။

image