3 d - Translate

ချန်ပီယံလိဂ်တွင် အာဆင်နယ် ပထမဆုံးနိုင်ပွဲရ
----------------------
အောက်တိုဘာလ(၁)ရက်နေ့က ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ အခုဘောလုံးရာသီမှာ ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ အိမ်ကွင်းမှာ ကစားရတဲ့ပွဲစဉ်ဖြစ်တာကြောင့် ပီအက်စ်ဂျီအသင်းကို အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး အစောပိုင်းသွင်းဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာဟာ အခု ပွဲစဉ်မှာ ဟာဗက်နဲ့ ထရော့ဆက်တို့ကို အသင်းရဲ့တိုက်စစ်မှာ အသုံးပြု လာခဲ့ပြီး အဓိကကစားသမားတွေကို လူစုံထုတ် ကစားသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ အသင်းရဲ့ လူစာရင်းမှာ ဒမ်ဘီလီ ပါဝင်လာခြင်းမရှိခဲ့ပဲ လူငယ်ကစားသမားအများစုကို အသုံးပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။

အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန်မိနစ်(၂၀)မှာ ဟာဗက်နဲ့ (၃၅)မိနစ်မှာ ဆာကာတို့က သွင်းယူ ပေးခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အတ္တလန်တာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကို အနိုင် ရရှိခဲ့တာက အခုဘောလုံးရာသီမှာ အာဆင်နယ်အသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

image