3 d - Translate

မန်စီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆလိုဗက်ကီးယားကလပ် ဆလိုဗန်အသင်းကို (၄-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ (ပယ်နယ်တီအဆုံးအဖြတ်မပါ) အရှုံးမရှိတာ(၂၅)ပွဲအထိရှိလာပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၂၁-၂၂ ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပုံမှန်ပွဲချိန်အတွင်း ရှုံးပွဲမရှိတော့တာပါ။

>>>>>

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကပဲ ထွက်ခဲ့ရပေမယ့် နှစ်ကျော့စလုံးသရေကစားခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာမှ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

ဒါကြောင့် ပယ်နယ်တီအဆုံးအဖြတ်မပါ ပုံမှန်ပွဲချိန်ကိုပဲ စဉ်းစားမယ်ဆိုရင် မန်စီးတီးအသင်းရဲ့ရှုံးပွဲမရှိပွဲအရေအတွက်က (၂၅)ပွဲအထိ ရောက်ရှိလာပြီး မန်ယူနိုက်တက်အသင်းတင်ထားတဲ့ ချန်ပီယံလိဂ်ရှုံးပွဲမရှိစံချိန်ကို လိုက်မီခဲ့တာပါ။

မန်ယူနိုက်တက်အသင်းက ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့တဲ့ ၂၀၀၇-၀၈ ဘောလုံးရာသီက အုပ်စုပွဲတွေကနေ ၂၀၀၈-၀၉ ဘောလုံးရာသီ ဆီမီးဖိုင်နယ်ပွဲအထိ ပွဲစုစုပေါင်း(၂၅)ပွဲကို မရှုံးအောင် ကစားနိုင်ခဲ့တာပါ။

၂၀၀၈-၀၉ ဗိုလ်လုပွဲမှာ ဂွါဒီယိုလာကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီး မန်ယူနိုက်တက်အသင်းရဲ့ရှုံးပွဲမရှိမှတ်တမ်းက ရပ်တန့်ခဲ့ရသလို ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

image