3 d - Translate

ကျောက်ဆည်တွင် တောင်ကျချောင်းရေဖြင့် ကားတစ်စီးနှင့် ယာဉ်မောင်း မျောပါပျောက်ဆုံး
----------------------------------
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း တောင်ကျရေအရှိန်ကြောင့် မော်တော်ယာဉ်တစ်စီးနဲ့အတူ ယာဉ်မောင်းအမျိုးသားတစ်ယောက် မျောပါသွားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်း ဒေသကြီး ကော်မတီရုံးကနေ သိရပါတယ်။

ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးရှိ တောင်ကျချောင်း တစ်ခုမှာ မော်တော်ယာဉ် ဖြတ်သန်းချိန် တောင် ကျရေအရှိန်ကြောင့် အောက်တိုဘာလ(၁)ရက် ညပိုင်း လောက်မှာ Probox အမျိုးအစား မော်တော်ယာဉ်တစ်စီးနဲ့ ယာဉ်မောင်းအမျိုးသားတစ်ယောက် မျောပါသွားတာ ဖြစ်ပါတယ်။ တောင်ကျချောင်းထဲ မျောပါသွားတဲ့ မော်တော် ယာဉ်နဲ့ ယာဉ်မောင်းအမျိုးသားကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် အောက်တိုဘာ ၂ ရက်၊ မနက်ပိုင်းထိ ရှာဖွေတွေ့ ရှိတာ မရှိသေးဘူးလို့ သိရပါတယ်။

image